ဒီကိစ္စက တောင်ပေါ်ပျံသွားနေတဲ့အချိန်မှာ ပြောဖို့မသင့်တော်။ဆိုးသွမ်းတဲ့ နဂါးလေးကအံ့အားသင့်သွားရပြီး မင်းသားလေးကို လှည့်ကြည့်ရင်း ဆက်တိုက်ကို တဟေးဟေးနဲ့ခေါ်နေတော့သည်။လမ်းကိုမကြည့်ပဲ ပျံနေတာမို့ လမ်းတစ်ဝက်မှာတင် သစ်ပင်အုပ်ကြီးနဲ့ဝင်တိုးမိတော့သည်။
"ညှပ်နေပြီ ..ညှပ်နေပြီ..ငါ့ခေါင်း ညှပ်နေပြီ..."
ဆိုးသွမ်းတဲ့နဂါးလေးက တောင်ပံတွေကို တဖြတ်ဖြတ်ခတ်ရင်း အော်နေရင်း ခေါင်းကိုဆွဲထုတ်ဖို့လုပ်နေတာမို့ အပင်တစ်ပင်လုံးက ခါယမ်းနေပေပြီ။
မင်းသားလေး : "....မင်းလက်သည်းကိုမြှောက်လိုက်"
ဆိုးသွမ်းတဲ့နဂါးလေးက နာခံစွာပဲ လက်သည်းကိုမြှောက်ပေးလာသည်။မင်းသားလေးက လက်သည်းမှာချိတ်ထားတဲ့ အထုတ်အပိုးတွေထဲက မီးဖိုချောင်သုံးဓားကိုထုတ်ယူလိုက်သည်။
"မလှုပ်နဲ့"
"အားးးး အားးးး သတိထားနော် ငါ့ကိုမခြစ်မိစေနဲ့"
မင်းသားလေးက နဂါးလေးဘေးနားရှိ သစ်ပင်အကိုင်းအခက်တွေကို အလျင်အမြန်ခုတ်ချလိုက်သည်။ထို့နောက်
"မင်းအရေပြားက ကြမ်းတမ်းပြီး အသားကလည်းဒီလောက်ထူတာကို...ငကြောက်" လို့ပြောရင်း နဂါးလေးကိုဖဲ့တော့သည်။
နဂါးလေးက သစ်ပင်ကြီးယိမ်းခါသွားတဲ့အထိ ခေါင်းကိုလှုပ်ယမ်းပြီး မကျေမနပ်ပြောပါတော့သည်။
"ဘယ်သူက အရေပြားကြမ်းကြီးနဲ့ အသားထူထူရှိတာလဲ။နဂါးတွေအကုန်လုံးက ဒီလိုမျိုးတွေပါနော်။ငါ လူပုံစံနဲ့ဆို ငါ့အသားအရည်က နူးညံ့နေတာများ ကြောက်ဖို့တောင်ကောင်းတယ်။မင်းမယုံရင် ပြန်ရောက်တာနဲ့ ကိုင်ကြည့်!!"
မင်းသားလေးက မျက်နှာသေကြီးနဲ့ သစ်ကိုင်းတွေကိုဆက်ခုတ်နေသည်"
"အေးပါ အေးပါ ကောင်းတယ်...နူးနူးညံ့ညံ့လေး ဟုတ်တယ်"
ပင်ပန်းတဲ့အလုပ်တာဝန်ကြီးကို ထမ်းဆောင်ပြီးနောက်မှာတော့ နဂါးလေးရဲ့ခေါင်းက လွတ်ငြိမ်းချမ်းသာခွင့်ရသွားသည်။ထို့နောက် တောင်ပေါ်ကိုဆက်ပျံသန်းလာခဲ့ကြသည်။ဆိုးသွမ်းတဲ့နဂါးလေးက ကိစ္စဝိစ္စတွေကို အစဉ်လိုက်လုပ်လေ့ရှိသည်။ကိစ္စတွေကို အရေးအကြီးဆုံးကနေ စတင်စီစဉ်သည်။ပထမဆုံး သူ့ကိုယ်သူ သက်သေပြဖို့က အရေးအကြီးဆုံးပဲ။နဂါးလေးက မပြောမဆိုနဲ့ လူအသွင်ကို ပြန်ပြောင်းလိုက်ပြီး မျက်နှာကို မင်းသားလေးဆီတိုးကပ်သွားလိုက်သည်။
YOU ARE READING
不怎么恶的龙,还有王子(Myanmar Translation)
Short StoryTitle: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)