Uni...
"ရှောင်ကျန့် မင်းဘာလို့ပန်းခြံထဲငါတို့ကိုခေါ်လာတာလဲ?..."
အာ့!!
ငြီးငြီးငြူငြူပြောနေတဲ့ Tianကို Yi Chanက ဇတ်ပိုးအုပ်ချလိုက်တဲ့အခါ Tianရဲ့ခေါင်းကရှေ့ကိုငိုက်ကျသွား၏။
"သူခေါ်လာလို့မင်းအတန်းမတက်ရတာ မကောင်းဘူးလားကွ?"
"အဲ့တာပါးစပ်က ပြောပါလား? လိ့လို့လူကိုလာရိုက်တာလား?"
"ရိုက်ချင်လို့ကွာ ဘာဖြစ်လဲ?"
"ထိုးမလားဟျောင့်..."
"ထိုးမယ်လေ လာ..."
"ရပ်! ရပ်! ရပ်တော့ နှစ်ယောက်လုံး!!
ငါ့ချစ်သူနဲ့မိတ်ဆက်ပေးမလို့ပါဆို..."တစ်ယောက်နဲ့တစ်ယောက်အင်္ကျီကော်လံဆွဲကာ ထိုးမယ်ပြင်နေတဲ့နှစ်ယောက်ကို ရှောင်ကျန့်အလယ်ကနေခွဲကာ တားလိုက်ရသည်။ အခုလိုဖင်ကျယ်နေတဲ့ ခွေးနှစ်ကောင်က ပြီးရင်ဘာမှဟုတ်တာမဟုတ်။
သူ့လိုစောက်ချောကြီးက အခုလိုဗရုတ်ကျတဲ့အဖွဲ့ထဲမှာပိတ်မိနေတာနည်းနည်းတော့ မာနထိခိုက်ပေမယ့် ရှောင်ကျန့်ကိုယ်တိုင်က ဗရုတ်ကျတာမို့ ဒီအဖွဲ့ထဲမှာနေပျော်ပါသည်။
အနေအေးတဲ့ Han Weiကတော့ သူတို့အဖြစ်ကိုကြည့်ပြီးရယ်လို့သာနေသည်။
ချစ်သူလို့ပြောလိုက်တော့ ထိုနှစ်ကောင်ကလှုပ်ရှားမှုတွေကို ရက်တန့်ကာသူ့ကိုအံ့သြတကြီးလှည့်ကြည့်လာ၏။
ထိုအထဲတွင် ရယ်နေတဲ့ Han Weiပါ ပါဝင်လေသည်။
"မင်း မင်းငါတို့မသိပဲချစ်သူထားတယ်ပေါ့..."
"ဘယ်သူလဲ ဘယ်မေဂျာကကွင်းလဲ? ဘယ်နှစ်ကလဲ?"
"ငါတို့အတန်းထဲကလား?"
သူ့မျက်နှာရှေ့ကို အတင်းတိုးကာ တစ်ယောက်တစ်ပေါက်မေးလာတဲ့သုံးယောက်ကြောင့် ရှောင်ကျန့်ကိုယ်ကိုယို့ထားရသည်မှာ လန်ကျမတတ်ပင်။
ခုနတုန်းကကျ အရေးမလုပ်ပဲ ခုမှသောက်ခွေးကောင်တွေက။
"အေး အဲ့တာပြမယ်လို့..."
"ဘယ်မှာလဲ ဘယ်မှာလဲ?"
အားတက်သရော အမေးတွေကြောင့် ရှောင်ကျန့်ချောင်းအသာဟန့်ပြီး ကော်လံကိုသေချာပြင်ကာ အင်္ကျီကိုသပ်လိုက်သည်။
ထို့နောက် အတွဲခုံလေးမှာထိုင်နေတဲ့ ဖြူဖွေးဖွေးကောင်လေးကို လက်ညိုးထိုးပြလိုက်၏။