အညိုရောင်ဖျော့ဖျော့အင်ကျီလက်ရှည်ကိုအညိုရင့်
ရောင်ဘောင်းဘီထဲထည့်ဝတ်ပြီးဆံပင်ကိုဂျယ်လ်
ဖြင့်အနည်းငယ်သပ်တင်၏။
ဦးလေးkrisဆီကလက်ဆောင်ရတဲ့Lilyပန်းရနံ့
ရေမွှေးကိုလည်ပင်းအနီးတဝိုက်နဲ့ဂျိူင်းအောက်ကို
ပက်ဖြန်းလိုက်သည်။မှန်ရှေ့ကသူ့ပုံရိပ်ကိုကြည့်ပြီး
အကျေနပ်ကြီးကျေနပ်တော့သည်။မနက်မိုးလင်းကတည်းကသူ့အပြုံးတွေအတောမသတ်နိုင်။ဒီနေ့ဆရာနှင့်အတူgolf clubကိုသွားရမှာ
ကြောင့်ပင်ဖြစ်သည်။သူအဲ့ဒီgolf clubလေးကို
lineပေါ်မှာတွေ့ထားတာသိပ်မကြာသေး။review
တွေလည်းကောင်းသလို စုံတွဲတွေကြားမှာလည်း
အလွန်ရေပန်းစားသည်။သူကိုယ်တိုင်ကလည်းgolf
ရိုက်ကြည့်ချင်တာကြောင့်လည်းပါသည်။ဆရာနှင့်အတူသွားရမည်ဆိုသောအသိကြောင့်ရင်ခုန်
သံတွေဟာဒီနေ့မှပို၍ကျယ်လောင်နေသည်။ဖုန်းနဲ့ပိုက်ဆံအနည်းငယ်ကိုwalletထဲထည့်၍အိမ်
မှထွက်လာခဲ့သည်။သူတို့လမ်းကိုကျော်၍အရှေ့လမ်း
ကိုကျော်သွားချိန် အသားညိုညို၊အရပ်ပုပုနဲ့လူတစ်
ယောက်နဲ့အသားဖြူဖြူအရပ်ရှည်ရှည်နဲ့လူတစ်ယောက်ဟာ ဘေ့စ်ဘောရိုက်တံတွေကိုကိိုင်ထားပြီးသူ့ကို
မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြသည်။အနည်းငယ်တော့လန့်သွား၏။သူဟာလူတိုင်းကိုရင်း
ရင်းနှီးနှီးပေါင်းသင်းတတ်ပြီးမည်သူနှင့်မျှရန်ငြိုးရန်စ
ရှိမနေ။ပြီးတော့ဒီလူတွေကိုသူတခါမျှမမြင်ဖူး။မသိ
ရင်ကြေးစားလူမိုက်ကြီးတွေကျနေတာပဲ။မဖြစ်ဘူး... မြန်မြန်လျှောက်မှပဲ။သူ့ရဲ့ခြေလှမ်းတွေ
ကိုမြန်ဆန်လိုက်တော့သည်။အနောက်ဘက်ကိုလှည့်
ကြည့်ချိန်ထိုလူနှစ်ယောက် သူနဲ့ခပ်လှမ်းလှမ်းကနေ
လိုက်လာနေသည်။ရင်ထဲထိတ်မိ၏။သူပဲစိတ်ထင့်နေလို့လားမသိ။ထိုလူတွေကသူ့အနော
က်ကိုပဲလိုက်နေသည်ဟုခံစားရသည်။
သူ့ရဲ့ခြေလှမ်းတွေကိုမြန်ဆန်လေ၊ထိုလူတွေကလိုက်
လာလေ။နောက်ဆုံးwalletကိုဆုပ်ကိုင်ပြီးအရှေ့
မှာမြင်နေရသည့်လူအုပ်ကြားထဲတိုးဝင်လိုက်တော့
၏။"ဟူး!မျက်ခြေပြတ်သွားပြီထင်တယ်"
တော်သေးတယ်။လူအုပ်ကြားထဲဝင်တဲ့အချိန်မှာထို
လူတွေမရှိတော့လို့။ခဏ..သူအခုstalkခံလိုက်ရတာ
လား။stalkရအောင်လည်းနာမည်ကြီးidolတ
ယောက်လည်းမဟုတ်ဘူး။