8.
နောက်နေ့မနက်မှာ ဂယူဗင်းက အစောကြီးနိုးလာတယ်။ ခေါင်းမကြည်ဘူး။မနေ့ညက ကိစ္စကို
ရေးတေးတေးမှတ်မိတော့
တစ်ယောက်တည်းအရှက်သည်းနေရတယ်။
ချွမ်းရွေ့က ဘေးနားမှာ အိပ်ပျော်နေတုန်း။မီးဖိုချောင်ထဲ၀င်သွားတယ်။ချွမ်းရွေ့စားဖို့
တစ်ခုခုချက်ပြုတ်ပေးနေတယ်။ ဂယူဗင်းက
ပါးစပ်ကအပြုံးကိုထိန်းလို့မရဘူး။
တစ်ဖက်ကလည်း ကြောက်နေမိတယ်။"နိုးလာပြီလား ကြက်ပေါင်းထားတယ်
အားရှိအောင်စားတော့မလား"ချွမ်းရွေ့က အိပ်ရာပေါ်မှာ အင်း အဲ လုပ်နေတုန်း။
ဂယူဗင်းက ပြာယာခတ်နေပြီ။"ငါ ခဏအိပ်ချင်သေးတယ်၊ ထားသွားလိုက်
ရတယ်"ဂယူဗင်းက မျက်လုံးလေးကကလည်လည်။
ချွမ်းရွေ့က အေးဆေးပဲ။ ဂယူဗင်းက ပိုပြီးတောင် စိတ်ထဲ ပြာယာခတ်နေသေးတယ်။
ဘာလို့ ချွမ်းရွေ့က အေးဆေးဖြစ်နေရတာလဲ။တစ်ရက်လုံးလည်း ဂယူဗင်းက
အလွဲလွဲအချော်ချော်။ စိုက်ခင်းထဲမှာ ဘိုးဘိုးကို
ကူနေရပေမဲ့ ဂယူဗင်းက ချွမ်းရွေ့ကို တွေ့ချင်နေတယ်။အရင်ကထက် ပိုပြီးတောင်
တွေ့ချင်နေမိသေးတယ်။9.
ဂယူဗင်းထက်စာရင် ချွမ်းရွေ့က ပိုပြီး လျှို့ဝှက်တတ်ပုံပေါ်တယ်။ ချွမ်းရွေ့ကို မြင်တာနဲ့ ဟိုကြည့်၊
ဒီကြည့် တောင်ရာမရတဲ့ စကားတွေပြောမိတဲ့
ဂယူဗင်းက မူမပျက် နေနိုင်တဲ့ ချွမ်းရွေ့ကို
တွေ့ရင် တွေတွေဝေဝေလေးဖြစ်ရတယ်။"မင်း ဟိုနေ့က ကိစ္စကို
ဘယ်လိုမှသဘောမထားဘူးလား"ဂယူဗင်းက အရဲစွန့်ကာ မေးကြည့်တယ်။
"ဘာဖြစ်လို့လဲ"
တစ်ခါတစ်လေ ချွမ်းရွေ့စကားတွေကို ဂယူဗင်း
နားမလည်ဘူး။ ချွမ်းရွေ့အကြောင်းကိုလည်း ကောင်းကောင်းမသိဘူး။"မဟုတ်ပါဘူး ငါစာအုပ်တွေထဲမှာ ဖတ်ထားတာလေ တာ၀န်ယူရမယ်တို့ အဲလိုမျိုး"