မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{part11}U/Z

4.3K 67 0
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}

{အခန်း၁၁}

မျက်ဝန်းများကိုဆက်ခနဲဖွင့်ကြည့်မိတော့ သူ့ရင်ခွင်အတွင်းမှာအိပ်မောကျနေသည့်သူမလေးကြောင့် ကမ်းနားသဘောကျစွာပြုံးလိုက်မိသည်။နဖူးပြင်လေးဆီသို့ ခပ်ဖွဖွအနမ်းတစ်ပွင့်ခြွေချရင်း ရေချိုးရန်သူထလိုက်သည်။ ရေချိုးရန်ပြင်နေစဥ်ယူရီထံမှဖုန်းဝင်လာသည်မို့ သူဖုန်းကိုဦးစွာကောက်ကိုင်လိုက်သည်။

"ပြောယူရီ ဘာကိစ္စလဲ"

"ဖွဲ့နွှဲ့မမှီညီမ​ေ-သသွားပြီ!!.."

"ဘာ!!..."

ဖုန်းစပီကာကိုဖွင့်ထားသည်မို့ ယူရီ့အသံကကျယ်လောင်စွာထွက်ပေါ်လာသည်မို့ ကမ်းနားစပီကာကိုချက်ချင်းပိတ်လိုက်ရသည်။ယူရီ့ရဲ့စကားကြောင့် သူကိုယ်တိုင်အံ့သြမှင်သက်သွားမိသည်။

"ဘယ်လိုဖြစ်တာလဲယူရီ"

"ရုတ်တရက်ကြီးအောက်ဆီဂျင်တွေထိုးကျပြီး တစ်ခါတည်းရှောခ့်ရပြီး နှလုံးတန်းရပ်သွားတာ သတိလည်လာမယ်ထင်ပေမယ့် မျှော်လင့်သလိုဖြစ်မလာဘူး ယူရီလဲစိတ်မကောင်းပါဘူးAndray!!..."

ယူရီ့စကားများကိုကြား၍ နှစ်ခြိုက်စွာအိပ်ပျော်နေသည့်သူမဆီအကြည့်ကရောက်သွားသည်။ဒီကိစ္စသူမသိသွားရင် ရူးမလောက်ခံစားရမှာသူသိသည်။မပြောရင်လဲမဖြစ်သည်မို့ မတတ်နိုင်ပါ။

"ဖွဲ့နွှဲ့မမှီ!!..ထပါဦး"

အိပ်ပျော်နေသည့်သူမကိုသူလှုပ်နှိုးလိုက်တော့ သူမမျက်ဝန်းလေးများပွင့်လာကာ အိပ်ယာမှထထိုင်လာသည်။

"သွားရအောင်ဖွဲ့နွှဲ့မမှီ"

အိပ်ယာနှိုး၍လက်ဆွဲကာသွားဖို့ပြောနေသည့်မိုးထိကမ်းနားမျက်နှာဟာအလွန်ပျက်ယွင်းနေသည်။

"ဘာလဲ ဘယ်ကိုလဲမိုးထိကမ်းနား ငါအခုမှနိုးတာလေ မျက်နှာမသစ်ရသေးဘူး!!..."

"မလိုပါဘူး အရေးကြီးတယ် မင်းလိုက်ခဲ့ရမယ်"

လက်ကောက်ဝတ်ကိုအတင်းဆွဲခေါ်နေသည်မို့ ဖွဲ့နည်းနည်းပင်နာလာရသည်။သူ့လက်ထဲကဖွဲ့လက်ကိုအတင်းရုန်းထွက်လိုက်ရင်း

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Where stories live. Discover now