အခန္း(၂၂)

1.7K 84 14
                                    

Unicode

ခုနှစ်နာရီကြာအောင် ခွဲစိတ်ပြီးချိန်မှာတော့ မေ့မြောနေတဲ့ နေဝန်းကို ဖန်လုံခန်းထဲ ၂၄ နာရီထည့်ထားပြီး အခြေအနေကို စောင့်ကြည့်ကြတယ်။ လက်နှစ်ချောင်းလုံးက ကားရဲ့ခေါင်းပိုင်းကိုပြင်းပြင်းထန်ထန် ကြိတ်မိတဲ့ အရှိန်ကြောင့် Dashboard ကွဲထွက်သွားတဲ့အချိန်မှာ့ညှက်ပြီး ကျိုးကြေသွားခဲ့သည်။ အခြေအနေကိုပိုဆိုးသွားစေခဲ့တာကတော့ နေဝန်းက ထိုင်ခုံခါးပတ်လည်းပတ်မထားခဲ့ပါပေ။ အသက်အန္တာရာယ်မရှိတော့ပေမဲ့ နိုးလာဖို့က လေးငါးရက် ကြာဦးမယ်ဆို၍ အရိပ်တကြည့်ကြည့် ဖြစ်နေကြတုန်းပင်။

နေဝန်းက မူးနေရင်းကားမောင်းတဲ့အပြင် လမ်းပြောင်းပြန်မောင်းမိပြီး ဆန့်ကျင်ဘက်လမ်းကြောက လောင်စာဆီကားကိုပါ ဝင်တိုက်မိတာမို့ အမှုအခင်းကိစ္စတွေလည်း ရှုပ်လာသေးသည်။ နေဝန်းခွဲခန်းထဲကထွက်တာနဲ့ ဘုန်းမာန်က ထိုပြဿနာတွေကိုရှင်းဖို့ ချက်ချင်းစီစဉ်ရပြီး မပြီးပြတ်သေးတဲ့ နန်းဝေရဲ့ ရက်လည်ကိုလည်း ကိစ္စပြတ်အောင်သာ အာရုံစိုက်နေရသည်။ သေစာရင်းမှာ သေကြောင်းကြံစည်ခြင်းလို့ ထည့်ထားတဲ့အတွက် နေဝန်းစီစဉ်ထားတာလို့ပဲ ဘုန်းမာန်ကတွေးလိုက်မိသည်။

နေဝန်းခွဲခန်းထဲကမထွက်မချင်း ဘာမှမစားတဲ့ ချမ်းဝေကို နိုင်စိုးက စိတ်ရှည်ရှည်နဲ့ ချော့မော့နေ၏။ ခေါင်းမာတဲ့ထိုကောင်လေးက ကိုကြီးစကားကိုပဲ နားထောင်တတ်တာ သေချာလေသည်။ နိုင်စိုးလက်လျှော့ပြီး စိတ်မချမ်းသာစွာ ရပ်ကြည့်လာမိတဲ့အထိ။

"ချမ်းဝေ...လာပါကွာ..ရေချိုးတာဖြစ်ဖြစ် တစ်ခုခုစားတာဖြစ်ဖြစ်လုပ်ရမှာပေါ့"

ချမ်းဝေက သူ့အရှေ့တည့်တည့်က မှန်ဘောင်တွေအနောက်ကအခန်းထဲ ငြိမ်သက်စွာ လှဲလှောင်းနေတဲ့ နေဝန်းကိုကြည့်ရင်း ခေါင်းအသာယာခါပြတယ်။ ဒီကောင်လေးက မငိုတော့ပေမဲ့ စိတ်နဲ့လူမကပ်သလို ပြုမူနေတုန်းမို့ နိုင်စိုးပိုစိတ်ပူလာရသည်။

ဘာများလုပ်ပေးရမလဲ ဘယ်လိုချော့ရမလဲလို့ အကြံအိုက်နေတုန်း ရုတ်တရက် ချမ်းဝေရဲ့ ညီမဖြစ်သူကို သတိရသွားသည်။ ကိုဘုန်းတို့ပြောတာ နားစွန်နားဖျားကြားဖူးရုံသာ။

Even The Devil , Once An Angel(COMPLETED)Donde viven las historias. Descúbrelo ahora