အပိုင်း (၃) We should still watch
Jungkook လည်း Jiminကိုကြည့်လိုက်တော့ အိမ်လိုက်ပို့လဲမထူးတာမလို့ သူ့အိမ်ကိုသာခေါ်သွားတော့မည်
အိမ်ရောက်တော့ ဒေါ်ဝေမအိပ်သေးဘူးဖြစ်မည်။ အိမ်မီးများ လင်းနေခြင်းကြောင့်ပင်။
ခြံတံခါးရှေ့ကားဟွန်းတီးလိုက်တော့ ဒေါ်ဝေအိမ်ထဲက ထွက်လာပါသည်။ ကားကိုအိမ်ထဲသွင်း ခြံတံခါးပိတ်နေသောဒေါ်ဝေက~
"ပြန်မလာတော့ဘူးတောင်ထင်နေတာ"
"ပြန်မလာလို့တော့မရဘူး ဒေါ်ဝေရေ အိပ်စရာနေရာမရှိဘူး"
"ကဲစားကောပြီးပြီလား"
"စားတာတော့ပြီးပြီ"
"ကဲကဲသွားတော့ညနက်နေပြီ"
"ဒေါ်ဝေကိုတစ်ခုတော့အကူအညီတောင်းရမယ်"
"အမလေးထူးထူးဆန်းဆန်း ပြောစမ်းပါဦး"
"ကားပေါ်ကိုကြည့်"
"အမလေး ဟယ်ကိုတော်ချောတို့"
"ဟုတ်တယ်ဒေါ်ဝေ Jiminမူးနေတာနဲ့ အိမ်ကိုပဲခေါ်လာလိုက်တာ အပေါ်ထပ်မှာရှင်းထားတဲ့အခန်းရှိတယ်မလား"
"တော့ အခန်းထဲထည့်သိပ်လိုက်ပါလားတော် တူတူအိပ်လည်းရနေတာကို"
"ကျွန်တော့မှမကြိုက်တာ အပေါ်မှာရှင်းထားတဲ့အခန်းရှိတယ်မလား အဲ့မှာပဲထားမယ် ဒေါ်ဝေသူ့ကိုအဲ့အခန်းခေါ်သွားလိုက်တော့"
"အေးအေး"
ဒေါ်ဝေ ကားထဲက Jiminကိုအတင်းလမ်းလျှောက်ခိုင်းပြီးတွဲခေါ်သွားပါပြီ။ Jungkook ကားထဲကျန်နေခဲ့တာက ကားအနောက် sensor က အသံမြည်နေတာကြောင့်ပင်။ serviceပို့ရမလားဆိုတာ ကြည့်ရန်ကျန်ခဲ့ခြင်းပင်"
ကားကို ပတ်ပတ်လည်ကြည့်သော်လည်း ဘာမှမထူးခြားခြေ။ သူလည်းအိမ်ထဲဝင်ခါနီး အိမ်ပေါ်ကိုမော့ကြည့်တော့~
သူ့ကိုကြည့်နေသည့်လူတစ်ယောက် သူမော့ကြည့်မှပိတ်သွားသောခန်းဆီး။ ထိုအပေါ်ဆုံး အခန်းကလူလည်းမနေ
"ဪ အဖေပဲနေမယ် ပြန်လာတာကို ထွက်ကြည့်တာဖြစ်မယ်"
သူလည်း ကားသေချာမကြည့်တတ်တာကြောင့် သူကြည့်လည်းဘာမှထူးမည်မဟုတ်တာကြောင့် အိမ်ထဲဝင်ဖို့သာဆုံးဖြတ်လိုက်သည်