9

665 132 0
                                    

ကြေငြာစာကပ်ထားပြီးပြီဖြစ်သော်ငြား နဂါးကတော့နဂါးပဲလေ။အကောင်ကြီးကြီး ပျံနိုင်သေးသည့်အပြင် မီးမှုတ်ထုတ်နိုင်သည်။ဒါက အတော်လေးစွန့်စားရာကျနေပြီပင်။ထပ်ပေါင်းပြောရလျှင် သွားရမဲ့ခရီးကဝေးသလို မြေအနေအထားကလည်း မတ်စောက်သည်။ထို့ကြောင့် သုံးလေးရက်ကုန်ဆုံးသွားသည့်တိုင် တောင်ပေါ်မှာတော့ အေးချမ်းနေဆဲပင်။ကံမကောင်းစွာနဲ့ပဲ ဘယ်သူရဲကောင်းမှ လာမရှာခဲ့ပါချေ။သူတို့နှစ်ဦးသားက တောင်ပေါ်မှာ ဟော့ပေါ့စားလိုက်၊အသားကင်ဝါးလိုက်၊တောင်ခြေက အရက်အိုးလေးပြေးဝယ်လိုက်နှင့် ရှိနေခဲ့ကြသည်။မင်းသားလေးရဲ့နေ့စဉ်လေ့ကျင့်ပေးမှုကြောင့် နဂါးလေးရဲ့အရည်အချင်းက အတော်တိုးတက်လာသည်။ယခုဆိုလျှင် မီးအားကိုထိန်းချုပ်တတ်နေပြီဖြစ်ပြီး တစ်ကိုယ်တော်အမဲလိုက်ရာမှ ရလာသည့်အသားများကို မီးကင်တာနဲ့ ဟော့
ပေါ့‌အထိကို မနားတမ်းဝန်ဆောင်မှုတွေပေးနေတော့သည်။သို့သော် အရက်သောက်နိုင်စွမ်းကတော့ တိုးတက်မလာခဲ့။နည်းနည်းလောက်သောက်ပြီးတာနဲ့ တောင်စဉ်ရေမရ ပေါက်ပန်းလေးဆယ်တွေဆက်တိုက်ပြောနေတတ်ပြီး "အချစ်တွေအပြည့်နဲ့ပွေ့ဖက်မှုလေး"ကိုတောင်းဆိုလိမ့်မည်။ဒီလောက်ကြီးတဲ့ နဂါးကိုယ်ကြီးကိုမှအားမနာ ခွက်အနည်းငယ်လောက်နဲ့ဒီလောက်ထိမူးနိုင်တာကိုတော့ မင်းသားလေးမဖြေရှင်းတတ်ပါချေ။နည်းလမ်းမရှိ....ပေးမသောက်လို့ကမရ။အကယ်၍ ပေးမသောက်ဘူးဆိုလျှင် အော်ငိုလိမ့်မည်။ငိုတာမှ တောင်တစ်ခုလုံးခါယမ်းအောင်ကို ငိုတာဖြစ်သည်။သောက်ပြီးတာနဲ့ မင်းသားလေးကိုဖက်တွယ်ပြီးအိပ်လိမ့်မည်။ဖက်မထားမိပါက အော်ဟစ်ရင်းနဲ့ မီးလုံးတွေမှုတ်ထုတ်ကာ မီးလောင်တိုက်သွင်းမည်ဖြစ်သည်။မင်းသားလေးခမျာ စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းတာကြောင့် ခေါင်းမွှေးပြောင်တော့မတတ်ဖြစ်နေပေပြီ။အထက်ပါအချက်များကြောင့် နဂါးလေးကိုဖက်အိပ်ရုံသာတတ်နိုင်သည်။နောက်နေ့တွင် ဆူမည်ကြံလိုက်လျှင် နဂါးလေးက ဘာမှမမှတ်မိတော့။ဘာမှမသိနားမလည်တဲ့ရုပ်လေးနဲ့ မျက်ရည်လေးအဝိုင်းသားနှင့် နှုတ်ခမ်းကိုစေ့ပိတ်ပြီး မဲ့မဲ့လေးလုပ်ထားတတ်သည်။မင်းသားလေးမှာ မဆူနိုင်တော့ပါချေ။

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now