Part-19

252 17 6
                                    

Unicode

" ဝမ်ရိပေါ်"

" အင်း"

" ငါ သွားမယ့်နေရာတစ်ခုရှိတယ်၊မင်းလိုက်မှာလား"

ဘာတွေကြံစည်နေတာလဲဆိုတဲ့အကြည့်နဲ့ မျက်မှောင်ကုပ်ကြည့်လာတဲ့ ဝမ်ရိပေါ်ကြောင့် သူမျက်လုံးသာလှန်မိလိုက်သည်။ သူမခေါ်ရင်လည်းသခင်ကြီးအမိန့်ဆိုပြီး အတင်းလိုက်မှာပဲမဟုတ်ဘူးလား?

" မလိုက်ရင်လည်းနေတော့"

" နေအုံး၊ ခဏစောင့်"

သူ့ကိုစောင့်အုံးပြောပြီး စံအိမ်အပေါ်ထပ်သို့ပြေးတက်သွားတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ရပ်မြဲတိုင်းသာရပ်ကြည့်နေလိုက်သည်။ ဘာသွားလုပ်တာလဲ?ဒီအတိုင်းလိုက်လည်းရတာပဲဟာ။ အသာခေါင်းခါရင်း ပင်မစံအိမ်ရှိဧည့်ခန်းထဲ၌သာ စောင့်နေဖို့ဆုံးဖြတ်လိုက်သည်။

သူ အခုတွေးနေမိတဲ့အကြောင်းအရာက တစ်ခုထဲ။  အခုဆို သက်တော်စောင့်တစ်ဖွဲ့လုံးက ဝမ်ရိပေါ်ရဲ့လက်အောက်မှာ။ဒီလိုဖြစ်လာအောင်လည်း ရှောင်းကျန့်ကတမင်ဖန်တီးခဲ့တာ။ အထက်တန်းတုန်းက သူသာဝမ်ရိပေါ်နဲ့ရန်မဖြစ်ခဲ့ရင်၊ ရန်ဖြစ်ရတဲ့အကြောင်းအရင်းက သက်တော်စောင့်အဖွဲ့ကိုဦးဆောင်ရမယ့်လူနေရာလုတာလို့သာ ခေါင်းစဥ်မတပ်ခဲ့ရင် ဖခင်သခင်ကြီးလည်းဒီကိစ္စအပေါ်အာရုံထားမိမှာမဟုတ်သလို  အခုချိန်ဝမ်ရိပေါ်လက်ထဲမှာလည်း ဒီအဖွဲ့ကရှိနေမှာမဟုတ်ဘူး၊ ဒါ့အပြင် ဒီအဖွဲ့တစ်ဖွဲ့လုံးက ရှောင်းကျန့်မလိုလားတဲ့လူတစ်ယောက်လက်ထဲ အဆင်ပြေချောချောမွေ့မွေ့ရောက်သွားမှာ။

ဒီလိုအဖြစ်မခံနိုင်တဲ့ သူက အဲ့လူလက်ထဲရောက်သွားမှာထက်စာရင် ဝမ်ရိပေါ်လက်ထဲမှာရှိနေတာက ပိုစိတ်ချရတယ်။ အနည်းဆုံးတော့ ဝမ်ရိပေါ်က သူ့ကိုအချိန်တိုင်း ကာကွယ်ပေးလိမ့်မယ်။ ရှောင်းကျန့်ဘေးနားမှာ သူ့ကိုအသက်အန္တာရာယ်မပြုပဲ  စိတ်ချလက်ချနဲ့အနားမှာထားနိုင်တာဆိုလို့ သူနဲ့အချိန်တိုင်းရန်သတ်နေရတဲ့ သူ့ခွေးပေါက်လေးပဲရှိတယ်။ ဒါကြောင့်ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဒီစံအိမ်တော်ကြီးထဲမှာ အင်အားရှိတဲ့လူတစ်ယောက်ဖြစ်လာအောင်လုပ်ပေးဖို့ဆုံးဖြတ်ထားတယ် ။

Love In The Midst Of ConflictWhere stories live. Discover now