"ကျောင်းသား ကိုယ့်ကို ထီးလေး နည်းနည်းလောက် ပေးဆောင်းလို့ရမလား"
ဂယူဗင်းက ထိုသို့မေးတော့ ဂယူဗင်းရှေ့က အဖြူရောင်ကြောင်ကလေးက ဂယူဗင်းကို သူ့ရဲ့ကြောင်မျက်လုံးလှလှလေးတွေနဲ့ ဝိုင်းခနဲကြည့်လာတယ်
ဂယူဗင်း အလျင်အမြန်ပဲ လွန်ခဲ့တဲ့ နှစ်နာရီလောက်တည်းက ကြိုတင်တွေးထားပြီးသားဖြစ်တဲ့ အကြောင်းပြချက်ကို ပါးစပ်ကနေ ထုတ်ပြောလိုက်တယ်
"မိုးတွေအရမ်းရွာနေတော့လေ...ကိုယ့်မှာ ထီးလည်း မပါတာနဲ့..ကိုယ့်laptopကလည်း ရေစိုသွားလို့ အဆင်မပြေလို့ပါ"
ထိုအခါမှ သူ့ရှေ့က ကောင်လေးက "အာ.."ခနဲ နားလည်ဟန်ပြလာတယ်
"ရပါတယ်ဗျ"
ဂယူဗင်းစိတ်ထဲ ပွဲတော်အကြီးကြီး ကျင်းပပစ်လိုက်တယ်
ဒီကောင်လေးနားချဥ်းကပ်ဖို့ ဂယူဗင်း ကြိုးစားနေခဲ့တာ ၂လလောက်ရှိပြီ
အခွင့်အရေးမရတာကြောင့်သာ ခုမှသာ သည်းသည်းထန်ထန်ရွာနေတဲ့မိုးကျေးဇူးနဲ့ ချဥ်းကပ်နိုင်ခြင်း
ဂယူဗင်းပျော်ပျော်ကြီး သူ့ရဲ့ကျောမှာလွယ်ထားတဲ့ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့ ပြောင်းလွယ်လိုက်တယ်
ထီးတစ်ခါတည်း တူတူဆောင်းရပေမယ့် ထိုကြောင်ကလေး ဂယူဗင်းရဲ့ ဘွိုင်းဖရန့်မတ်တီရီရယ်ဆန်ဆန်sideကို မြင်ရအောင် ဂယူဗင်းကြိုးစားမည်
ဒီတစ်ခါတည်းနဲ့ ထိုကောင်လေးရှန်ချွမ်ရွေ့ ဂယူဗင်းကို သဘောကျသွားစေရမည်
မိုးရွာထဲ လမ်းတွေချော်လို့ ချွမ်ရွေ့ မတော်တဆခြေလှမ်းမှားလျှင် ဂယူဗင်းက သူ့ရဲ့ခါးသိမ်သိမ်လေးကို ပွေ့ရင်း ထိန်းပေးမည်
ဇာတ်ကားတွေထဲကလို ချော်လဲမည့်သူကို လှမ်းထိန်းပေးရင်း ဂယူဗင်းရဲ့ နာမည်ကြီးနေတဲ့ ခွေးပေါက်လေးလို မျက်ဆံနက်နက်ဝိုင်းဝိုင်းလေးတွေနဲ့ ချွမ်ရွေ့ရဲ့ ကြောင်မျက်လုံးလှလှလေးတွေကို အကြည့်ချင်းဆုံပစ်ပြီး ဂယူဗင်းအပေါ် ယိမ်းယိုင်လာအောင်လုပ်မည်
YOU ARE READING
ကျွန်တော်တစ်ဖက်သတ်ကြိုက်နေတဲ့ကောင်လေးက အူတူတူလေးလို့တော့ သူတို့ကပြောတာပဲ
Fanfiction𝐠𝐲𝐮𝐯𝐢𝐧 𝐱 𝐫𝐢𝐜𝐤𝐲 𝐠𝐲𝐮𝐫𝐢𝐜𝐤 𝐌𝐞𝐝𝐢𝐚_𝐜𝐫𝐝 15.1.24