ချစ်သောမယ်ရီ
"World war 3, Sun storm, Zombie Apocalypse ဒါကြီးတွေ တကယ်ဖြစ်ပြီး ငါတို့နဲ့အတူတူလောင်ကျွမ်းသွားရင်ကောင်းမယ်တဲ့"
ဒါသည် မယ်ရီနဲ့ နောက်ဆုံးဆုံခဲ့တုန်းကသူပြောခဲ့တဲ့စကား။
မယ်ရီရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကိုကြည့်ရင် သူ့ရဲ့အတွင်းထဲက အတွေးကိုပါ အတိုင်းသားမြင်နေရတယ်။ ဒီအတွေးတွေသည်လည်း မယ်ရီနဲ့ကိုယ်နဲ့ နှစ်ယောက်သားကြားထဲမှာ မပြောပဲတူနေကြတဲ့အတွေးတွေပါ။
မယ်ရီ။ ငါပြန်တော့မယ်။ ရှန်းဗလားမှာနေရတာ ငါမပျော်တော့ဘူး။
အင်း နင်ပြန်လေ၊ နင့်မှာလုပ်စရာရှိတဲ့အိပ်မက်တွေ အများကြီးရှိသေးတယ်မလား။ တရုတ်တွေနဲ့ ဂန်းစတားလိုက်လုပ်နေတာ နင့် type မှမဟုတ်တာ။
မယ်ရီရေ နင်ငါ့ကိုဆွဲမထားတော့ဘူးလားလို့ မျက်လုံးချင်းစကားပြောမိနေပါသည်။ သို့သော် မယ်ရီမျက်လုံးတွေသည် ဘာတုံ့ပြန်မှုမှမလာခဲ့ပါ။
မယ်ရီငါတို့မှာ ပြန်တွေ့ကြဖို့အစီအစဉ်ရှိပါအုန်းမလား။
မယ်ရီတယောက် ဟက်ဟက်ပက်ပက်ရယ်ပါတော့တယ်။ နင်ကြုံဖူးတယ်ဆိုတာတွေထက် ဆယ်ဆဆိုးတာတွေ ငါကြုံဖူးတယ်ဆိုတာ နင်မသိပါဘူး။ နင်က ငါ့အမြင်မှာ ရိုးရိုးသားသားသာမန်ကောင်လေးတယောက်ပါပဲ။ ကောင်းတဲ့ကောင်မလေးတယောက်နဲ့ လက်ထပ်ပြီးတော့ အိမ်ကြီးအိမ်ကောင်းမှာ ဂုဏ်သရေရှိလူကြီးတယောက်လို နေရမှာ။ နင်က ကလေးတွေရဲ့ စံပြလိုနေပြရမှာ။ နင့်မှာ အဲ့ဓာတ်ကလေးပါတာသိလား။ မယ်ရီက ကျွန်တော့်နဖူးကိုလက်ညှိုးနဲ့ထောက်ပြီးပြောတယ်။ (မယ်ရီသည် ကျွန်တော့်ထက် အသက်တနှစ်ကြီးပါသည်)
မယ်ရီရော မလိုက်ချင်ဘူးလား။ အတူတူ နိုင်ငံတခုခုကိုထွက်ပြီးတော့ ကြုံရာလုပ်စားကြမယ်လေ။ ကျောင်းဆက်တက်ရင်လည်း တက်ပေါ့။
ငါ့ဘဝက ဒီမှာဖြစ်နေပြီလေ။ မယ်ရီက ပြုံးရင်းပြန်ပြောတယ်။
ကျွန်တော်သဘက်ခါဆို လေဆိပ်ဆင်းမှာ။ မယ်ရီဒီနေ့ည ကျွန်တော့်အခန်းမှာ ညစာစားမလား။
YOU ARE READING
လွမ်းမောမိသော ရှန်းဗလားညများ
Historical Fictionရှန်းဗလားလို့ခေါ်တဲ့ မြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ စွန့်စားခန်းလေးတွေကို စုရေးထားတာပါ။