(27,28)
သူ့စိတ်တွေကလည်း ငါထင်ထားသလို နည်းနည်းလေးတောင်တည်ငြိမ်မနေပါဘူး။ သူက ခရားရေလွှတ်တတွတ်တွတ်ပြောလာတယ် "ယွင်ရှန်း တောင်းပန်ပါတယ်... စိတ်မထိန်းနိုင်လို့ဖြစ်သွားတာပါ၊ ကျုပ်က ခင်ဗျားတစ်ယောက်တည်းကိုပဲလိုချင်တာပါ၊ ခင်ဗျားကို ဖက်ထားချင်တယ်၊ ခင်ဗျားကို တစ်ခုခုကြမ်းကြမ်းတမ်းတမ်းလုပ်ပစ်လိုက်ချင်တယ်၊ ခင်ဗျားစိတ်ထဲ ကျုပ်တစ်ယောက်တည်းကိုပဲတွေးနေအောင်.... ခင်ဗျားကိုယ်ပေါ်မှာ ကျုပ်ရဲ့အမှတ်အသားတွေကိုချန်ထားလိုက်ချင်တာ၊ တစ်ခါတစ်ခါ.ကျုပ်. ခင်ဗျားကို ဒီနေရာမှာအမြဲတမ်းချုပ်ထားချင်တဲ့အကြောင်းတွေးတယ်၊ ဒါမှ တံခါးအပြင်ဘက်ခြေတစ်လှမ်းထွက်လို့မရဘဲ ကျုပ်တစ်ယောက်တည်းကိုပဲကြည့်နေစေချင်တာ၊ ကျုပ်အကြောင်းကိုပဲတွေးနေရမှာ...."
"ထပ်မပြောနဲ့၊ ငါ မကြားချင်ဘူး" ငါ သူ့စကားကိုအလျင်အမြန်ဖြတ်တယ်။
ဒါပေမယ့် သင်းကနားမထောင်ဘူး။ ငါ့လည်ပင်းကြားထဲမျက်နှာအပ်ပြီး ဆက်ပြောနေပြန်တယ် "ယွင်ရှန်း.. ကျုပ်ဘယ်လောက်ပျာယာခတ်သွားလဲ ခင်ဗျားသိလား၊ ခင်ဗျား အခန်းထဲမှာမရှိတော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာ ဘယ်လောက်တောင်သတ်ချင်ဖြတ်ချင်စိတ်တွေပေါက်လာလဲဆိုတာသိလား၊ ကျုပ်ရဲ့ပူထူနေတဲ့ခေါင်းထဲမှာ ခင်ဗျားတစ်ယောက်တည်းပဲရှိတယ်... ယွင်ရှန်း.. အဲဒိတုန်းက ကျုပ် ရူးသွားလုနီးနီးဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားသိရဲ့လား..."
သနားစရာ၊ ဝမ်းနည်းစရာကောင်းတဲ့သူ့စကားတွေက ငါ့ကို သူ့အတိတ်အကြောင်းပြန်ပြောင်းသတိရစေတယ်။ အချစ်ကိုပဲအပြစ်ပုံချရမလားမသိတဲ့ သူ့အတိတ်။
အဆုံးမှာတော့ ငါ သူ့ကိုစာနာသနားနေဆဲ၊ ချစ်ခင်နေဆဲဖြစ်ပါတယ် "ချန်ရှန်း.. ငါမင်းကိုမစွန့်ပစ်ပါဘူး"
သူက ငါ့ကိုချုပ်ထားတဲ့လက်တွေကိုဖယ်ပေးလိုက်ပြီး ကိုယ်ပေါ်ကထသွားကာ မျက်နှာသေနဲ့ကြည့်နေပြန်တယ်။ နောက်တော့ သူ့အကြည့်တွေက ငါ့ကိုယ်အောက်ပိုင်းကိုရွေ့သွားပြီး ငါ့ပေါင်အတွင်းဘက်က မီးခတ်ရာပေါ်မှာစူးစိုက်ကြည့်နေတာ ငါသိလိုက်ပါတယ်။