အပိုင်း - ၁၈၃ ( ဂီတသံစဥ်ရှိတော့ တီးမှုတ်ကြည့်ကြစို့)
တပ်မက်မှုဖြင့် လောင်ကျွမ်းသော ပြင်းရှရှအနမ်းများက ဝမ်းလျိုနျဲန်၏ မျက်ခုံးနှင့် မျက်လွှာထက် ကျရောက်လာသည်။ ဝမ်းလျိုနျဲန်မှာ မျက်လုံးများအားမှိတ်ထားပေးရ၏။ သို့သော်လည်း ရင်တဒုတ်ဒုတ်ခုန်လွန်းနေသည်မို့ ကျောက်ယွဲ့အား တားလိုက်ရသည်။
"ခဏ"
ကျောက်ယွဲ့ကမူ သူ၏ပါးပြင်အား တို့ထိပွတ်သပ်လာကာ ဩရှရှအသံဖြင့် ပြောလာ၏။
"ဟင့်အင်း၊ ကိုယ် မစောင့်နိုင်တော့ဘူး"
ဝမ်းလျိုနျဲန်မှာ ချက်ချင်းပင် ဖိုသီဖတ်သီဖြစ်နေသော အဝတ်များအား ကပိုကရိုပြန်ဝတ်ကာ အိပ်ရာမှထသွားသည်။ ထို့နောက် အဝတ်ဗီရိုကို ဖွင့်ကာ အရက်အိုးတစ်အိုး ယူထုတ်လာ၏။
ကျောက်ယွဲ့ - "..."
"အရင်တစ်ခါ ကိုယ်ရေးအရာရှိ ပေးထားတဲ့ဟာ"
အိုးအဖုံးကို ဖွင့်လိုက်ေသာအခါ ပြင်းထန်လှသော သေရည်နံ့က သူ့မျက်နှာအား တည့်တည့်ရိုက်ခတ်လာ၏။ ထို့ကြောင့် နှာပင်မွှန်သွားကာ ချောင်းတဟွတ်ဟွတ်ပါဆိုးလို့။
ကျောက်ယွဲ့မှာ ခေါင်းတခါခါလုပ်ကာ ဆိုလာသည်။
"ဒီအရက်က ပြင်းလွန်းတယ်"
ဝမ်းလျိုနျဲန်ကမူ ခွက်တစ်ခွက် ယူထုတ်လာသည်။
"နည်းနည်းပဲသောက်မှာ။ မူးနေရင် ဟိုဟာဒီဟာ လုပ်ရကိုင်ရလွယ်တယ်လေ"
"ဘာရယ်?"
ကျောက်ယွဲ့မှာ ရယ်ရမလားငိုရမလား မသိတော့ပါ။
ဝမ်းလျိုနျဲန်မှာ ထိုအရက်ကို လျှာဖြင့် အရင် လျက်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။
သို့သော် ကျောက်ယွဲ့က သူ့ကျောပြင်အား အနောက်ဘက်မှ သိုင်းဖက်လာကာ နားရွက်မှသည် လည်တိုင်အထိ တလျှောက်လုံး တရှုံ့ရှုံ့ နမ်းရှိုက်လာပေ၏။
"နည်းနည်းလောက်....ထပ်သောက်ဦးမယ်"
ဝမ်းလျိုနျဲန်မှ အချိန်ရလိုရငြား ဈေးထပ်ဆစ်လာသည်။