မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{part12}U/Z

4.4K 67 0
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}

{အခန်း၁၂}

တုန်ယင်နေသောလက်များဖြင့် မျက်ဝန်းများကိုစုံမှိတ်ကာ စိတ်ရှိလက်ရှိအော်ရင်း သေနတ်အားအပေါ်သို့ထောင်၍မောင်းခလုတ်အားဆွဲလိုက်မိသည်။

"အီးဟီးဟီး ဘာလို့!!..ဘာလို့ငါ့အပေါ်ကိုအဲ့လောက်ထိလုပ်ရက်ရတာလဲ လောကကြီးကဘာလို့များငါ့အပေါ်ရက်စက်ရတာလဲ အီးဟီး ငါ့မိသားစုကို ငါချစ်တဲ့ငါ့မိသားစုတွေကိုဘာလို့ ခဏခဏခေါ်သွားရတာလဲလို့!!.."

သေနတ်ကိုပစ်ချရင်းဖြင့် ကြမ်းပြင်ထက်ထိုင်ကာအားရပါးရငိုချလိုက်သည့်သူမအနားသို့ ကမ်းနားပါအတူထိုင်ချလိုက်ရင်း သူမကိုသူ့ရင်ခွင်အတွင်းဆွဲဖက်ကာ

"အဆင်ပြေပါတယ်!!...ငါရှိတယ်လေ ငါမင်းအနားကထွက်မသွားဘူး ဘာကိစ္စပဲရှိရှိ ငါမင်းကိုထားမသွားဘူးနော်"

သူမကျောပြင်လေးကိုပုတ်၍နှစ်သိမ့်မှု့ပေးနေပေမယ့် သူမကသူ့လက်များကိုပုတ်ထုတ်၍ဖယ်ရှားနေသည်။

"ဖယ်!!..ငါ့ကိုလွှတ် ငါတစ်ယောက်တည်းနေချင်တယ် လွှတ်ပေး အီးဟီး"

"အင်းပါ မင်းစိတ်တိုင်းကျမင်းသဘောအတိုင်းပါပဲ မင်းကိုယ်မင်းထိခိုက်အောင်မလုပ်ပါဘူးလို့တော့ ငါ့ကိုကတိပေး"

သူမကိုယ်သူမထိခိုက်အောင်လုပ်မည်စိုးတာကြောင့် သူကတိတောင်းလိုက်ပေမယ့် သူမကပြန်မဖြေပေ။

"မင်းကတိမပေးရင် ငါဒီနားကတစ်ဖဝါးမှမခွာဘူး"

သူခြိမ်းခြောက်သလိုပြောလိုက်မှ သူမမျက်ရည်များနဲ့သူ့ကိုမော့ကြည့်လာသည်။

"ငါကတိပေးတယ် နင်ပဲထွက်သွား"

"အင်း ငါအခန်းအပြင်ဘက်မှာရှိနေမယ် မင်းလိုအပ်ရင်ခေါ်လိုက်ပါ"

သူမကမဖြေပဲ ဒူးကိုလက်ဖြင့်ပိုက်၍ မျက်နှာကိုဒူးပေါ်အုပ်၍ တရှုံ့ရှုံ့ထပ်ငိုနေပြန်သည်။ကမ်းနား အခန်းအပြင်ဘက်ထွက်လာခဲ့ပေမယ့် တစ်ယောက်တည်းကျန်ခဲ့သည့်သူမအားစိတ်မချပေ။သူမကိုယ်သူမထိခိုက်အောင်လုပ်လိုက်မှာသူစိုးရိမ်မိသည်။

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Opowieści tętniące życiem. Odkryj je teraz