"ကဲ သေချာပြောပါဦး ဘာကိစ္စ ရောက်လာတာလဲလို့"
"ပေါက်စကို လွမ်းလို့ကွာ ဟုတ်ပြီလား ပေါက်စ မလွမ်းလည်း ကိုယ် လွမ်းတယ် အဲ့တော့ဘာဖြစ်တုန်း"
"ဟော ဇွတ်ကြီးပါလားဟ"
"ဒါနဲ့ ကိုယ် ပေါက်စနဲ့ တိုင်ပင်စရာရှိလို့"
"ပြောလေ ဘာကြီးလဲ"
"ဒီလိုကွာ ကိုယ်ကျောင်းတတ်တာအပြင် တခြားအပြင်အလုပ်လေးလုပ်ချင်လို့ အဲ့တာ ပေါက်စ အသိထဲမှာ အလုပ်လူလိုရင်ပြောဦးလေ"
"ကျောင်းက စာတစ်ဖက်နဲ့ဆိုတော့ အကိုအဆင်ပြေပါ့မလား စာတွေကလည်းများတယ်နော် အဲ့တာကို အလုပ်ပါထပ်လုပ်ချင်သေးတယ်ဆိုရင် တော်တော် ပင်ပန်းမှာနော်"
"ကိုယ်က ကျောင်းတတ်တာအပြင် တခြား အပြင်အတွေ့အကြုံလေးတွေလည်း ရှိချင်လို့ပါဗျာ"
"အမယ် လူကြီးလူကောင်းလုပ်နေတာလား"
"မဟုတ်ရပါဘူးဗျာ"
"အဲ့တာဆို ကူညီမှာလားပြော မကူညီရင် ပြန်တော့မယ်"
"ဪ လက်စသတ်တော့ ခင်များပြန်လာတာ ဒါပြောမို့လား😏"
"ဒီကိစ္စက ပြောချင်ရုံ သက်သက်ပါ အရေးကြီးတာက ပေါက်စကိုလွမ်းလို့ပါဆို"
"ယုံပေးရမှာလား"
"omm"
"အဲ့တာဆို ဒီမြို့ထဲမှာ AF ကုမ္ပဏီက ဓာတ်ပုံ model လိုတယ်ကြားတယ် အဲ့တာ အကို့ရုပ်ရည်နဲ့ဆိုရလောက်တယ် သွားလုပ်ချင်လား"
"model ဆိုတော့ကောင်းပါ့မလား အကိုက အတွေ့အကြုံရှိတာလဲမဟုတ်ဘူး"
"နည်းနည်းတော့ စမ်းကြည့်သင့်တယ်လေဗျာ"
"အဲ့တာဆိုလည်း စမ်းကြည့်မယ် ဘယ်အချိန်လူ စ ခေါ်မှာလဲ"
"နောက်လလောက်ထဲထင်တယ်"
"ကိုယ်သာ အလုပ်ရသွားရင် ပေါက်စ အမြဲလိုက်ပေးရမှာနော်"
"ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"
"ကိုယ်တစ်ယောက်ထဲဆိုတော့ ပျင်းတယ်လေဗျာ လိုက်ခဲ့ပေးပါနော်😞"
"မျက်နှာကြီး ငြိုးပြီး အသနားခံမနေနဲ့ လိုက်ခဲ့ပေးမယ် ကျေနပ်ပြီလား"
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....