Chapter 03

1.8K 241 1
                                    

Unicode

Chapter 03 - သူ့မိသားစုက အကြင်နာကင်းမဲ့လွန်းတယ်

ရှေးဟောင်းကားသည် အလွန်ခေတ်ဟောင်းနေသော်လည်း အရှိန်ပြင်းနေဆဲဖြစ်သည်။ နာရီဝက်လောက်ကြာတော့ ကြယ်ဆိပ်ကမ်းမှ သီးနှံမဖြစ်ထွန်းသောလွင်တီးခေါင်မြေသို့ ရောက်သွားတော့၏။

မှန်ပေသည်၊ အမှန်ပင် သီးနှံမဖြစ်ထွန်းသောလွင်တီးခေါင်မြေပင်။

"ဒါက... ကျွန်တော်တို့လယ်‌မြေလား"လယ်ကွင်းသည် ပျက်စီးယိုယွင်းနေလိမ့်မည်ဟု ကုပိုင် တွေးထင်ထားသော်လည်း ဤနေရာရှိ သူမြင်လိုက်ရသည့်အရာက သူ့အိပ်မက်ကို ချိုးဖျက်ပစ်လိုက်သည်။

လယ်မြေအနီးတဝိုက်တွင် ပြန့်ကျဲနေသော မိသားစုအနည်းငယ်သာရှိပြီး အိမ်များက ပြိုကျပျက်စီးနေလေပြီ။ လယ်မြေထဲတွင် လူတစ်ဝက်ခန့်မြင့်သော မြက်ပင်များကလည်း ကောင်းစွာရှင်သန်နေ၏။ သိသိသာသာပင် သူတို့ ဤနေရာကို သိမ်းပိုက်ထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

"ဟုတ်တယ် သခင်လေး အဲဒါကို ကြည့်လိုက်ပါ ဘယ်သူကမှ လယ်မြေကိုဂရုမစိုက်တာကြာပြီ" အိမ်တော်ထိန်းကုချီက သက်ပြင်းချလိုက်မိလေသည်။

စီနီယာကုနှင့်မိသားစုတစ်စုလုံး ဗဟိုကြယ်သို့ပြောင်းသွားပြီးကတည်းက ကုချီသည်လည်း သူတို့နှင့်အတူလိုက်သွားခဲ့ပြီး စီနီယာကုနှင့် မဒမ်ကုတို့နှစ်ယောက်စလုံး သေဆုံးသွားသည့်အချိန်အထိ ပြန်မလာဖြစ်ခဲ့ပါချေ။

ကုပိုင်သည် လယ်မြေကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်၀န်းများက စိတ်အားထက်သန်မှုတို့ တောက်လောင်နေသည်။

ပျက်စီးယိုယွင်းနေတာလား? လယ်မြေသည် တစ်နေ့တွင် ပြန်လည်အသက်ဝင်လာလိမ့်မည်ဖြစ်သည်။

မြက်ရိုင်းတွေလား ? အရေးမကြီးပါချေ။ ပေါင်းသတ်စက်သည် ၎င်းတို့ကို အလွယ်တကူ ဖျက်ဆီးနိုင်သည်၊ သို့မဟုတ် သူ ၎င်းတို့ကို လက်ဗလာဖြင့်လည်း ကိုင်တွယ်နိုင်သည်လေ။

အရေးကြီးဆုံးအချက်မှာ လယ်မြေတစ်ခုလုံးသည် သူနှင့်သက်ဆိုင်ပြီး ၎င်းကလည်း သူထင်ထားသည်ထက် များစွာကြီးမားနေသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now