( Zawgyi )
အိပ်ယာထနောက်ကျတာရော ခေါင်းကိုက်တာရောပေါင်းပြီး
နောက်ကျမှကျောင်းလာဖြစ်ရသည် ဒါ့ကြောင့်မနက်ပိုင်းအ
တန်းချိန်တွေလွတ်သွားခဲ့ရသည် ဒါတောင် ဂင်မ်ဆွန်းမင်း
တို့က ခေါင်းမှောက်ပြီး အိပ်နေတုန်း"ခဏနေရင် အတန်းချိန်ရှိသေးတယ်နော် ထပါဦး"
ဟျွန်းဂျင်းက ဘေးနားမှာပြောနေလည်း ခေါင်းကထောင်မလာ
အိပ်နေရာက လှုပ်တောင်မလှုပ်"မင်းအိမ်မဟုတ်ဘူး ကျောင်းရောက်နေတာနော် တကယ်
ပါဘဲ ""ဟွမ်းဟျွန်းဂျင်း ပွစိပွစိလုပ်မနေနဲ့ ခေါင်းကိုက်တယ်"
"အဲ့တာဆိုလည်း ခေါင်းထောင်ပြီးလေကောင်းလေသန့်ထရှူ
ပါလား နေမကောင်းတာလည်းမဟုတ်ဘဲ အရက်တွေသောက်
ပြီးခေါင်းကိုက်နေတာများသနားစရာကိုမရှိဘူး""တိတ်တိတ်နေ"
ဟျွန်းဂျင်းမျက်စောင်းထိုးပေးလိုက်သည် ဒီအမူးသမားနဲ့
တော့ကြာရင် စိတ်ညစ်တဲ့ရောဂါပါစွဲမည်ထင်သည်သူတို့ထိုင်နေတဲ့ ဝိုင်းကိုလာဝင်ထိုင်ကြတာက ဂျီဆောင်းနဲ့လစ်တို့
"အမူးသမား ဘယ်လိုလဲ အဆင်မပြေသေးဘူးလား"
ဂျီဆောင်းကစဟန်နောက်ဟန်နဲ့ဝင်မေးလိုက်သည်။
"ဂင်မ်ဆွန်းမင်း အရက်ကြောင့်ခေါင်းကိုက်တာနှစ်ခါရှိပြီနော်"
လစ်ကရယ်ရင်စပြောသည်။
"မင်းတို့ကလည်း တိတ်တိတ်နေပေးပါနော်"
"ထဦး ငါဆေးယူလာတယ် သောက်လိုက်"
လစ်က သူယူလာတဲ့ခေါင်းကိုက်ပျောက်ဆေးကို ဆွန်းမင်း
ရှေ့ချပေးလိုက်သည် ဂျီဆောင်းကလည်း ပါမုန့်ထုပ်နဲ့နို့တစ်ဘူးနဲ့ချပေးလိုက်ရင်း"ထစား စားပြီးရင်ဆေးသောက်"
ဂျီဆောင်းက ဆွန်းမင်းခေါင်းကိုထောင်စေပြီးပြောလိုက်သည်။
မနက်ကအိပ်ယာထတော့ ကျောင်းနောက်ကျနေပြီမို့ ရေမိုးချိုးပြီးဘဲထွက်လာခဲ့တာ ဘာမှမစားခဲ့ရ ဒါကြောင့် ဂျီဆောင်းပေးတာစားပြီးရင် လစ်ပေးတဲ့ဆေးသောက်ဖို့
ဆွန်းမင်းစားပွဲပေါ်အိပ်နေရာမှထကာ မုန့်ထုပ်ဖောက်လိုက်သည်။
YOU ARE READING
The way you beside me
Fanfiction{ Unicode + Zawgyi } "You know that love can't be expressed in words,right" If you say you stay I'm the one who should stay သာသာရဲ့ SKZ fic ကိုပထမဆုံး try ခြင်းပါ 2min လေးနဲ့ဖွင့်ပါတယ် အမှားပါသွားရင်လည်း ကြိုတောင်းပန်ပါတယ်