အပြိုင်စကြဝဠာကို ယုံကြည်ကြလား။လူတိုင်းက သူတို့ရဲ့ ကမ္ဘာမှာ သူတို့ကိုယ်သူတို့ ဗဟိုပြုပြီးလည်ပတ်နေကြပါတယ်။
တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ ဝမ်ယိရဲ့ ကမ္ဘာနဲ့ ရယ်မောသံတွေ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ဘေးအိမ်က ကောင်မလေးရဲ့ ကမ္ဘာက လူသားတွေလက်ခံယုံကြည်ထားတဲ့ အပြိုင်စကြဝဠာနှစ်ခုထက်တောင် ပိုပြီးဝေးကွာ ခြားနားလွန်းလှပါတယ်။
ဒီအချက်ကို ဝမ်ယိ သိတတ်စအရွယ်ထဲက သတိထားမိခဲ့တာ...။
၂၀၀၇ ခုနှစ် ဇွန်လ ၆ရက်
ဝမ်ယိ ခြောက်နှစ်ပြည့်မွေးနေ့....
မိသားစုနဲ့ပဲ နှစ်တိုင်းကျင်းပနေကြ ဝမ်ယိရဲ့ မွေးနေ့ပွဲလေးက ခြောက်နှစ်ပြည့်သည့်တိုင် ဘာမှ ထူးခြားမသွားခဲ့။
မူလတန်းစတက်ကာစအရွယ်မို့ ဝမ်ယိနှင့်ရွယ်တူ ကလေးတွေက သူငယ်ချင်းကိုယ်စီရနေပြီဖြစ်သော်လည်း အရမ်းကို တိတ်ဆိတ်လွန်းသည့် ဝမ်ယိအတွက်တော့ သူငယ်ချင်းဆိုပြီး မယ်မယ်ရရ သတ်မှတ်ရမည့်သူ အလျဥ်းမရှိခဲ့ပေ။
၁၁လ ဝန်းကျင်အရွယ်မှာ တခြားကလေးတွေက ပါပါး မာမား ဆိုပြီး မပြောတတ် ပြောတတ်နှင့် ပြောနေချိန်တွင် ဝမ်ယိကတော့ အသက် နှစ်နှစ်အရွယ်မှ စကားစပြောသည်ဟု မားမားက ပြောပြသည်။
ဥာဏ်ရည်နိမ့်ပါးပြီး ဖွံ့ဖြိုးမှုနောက်ကျတာမျိုး မဟုတ်ဘဲ ပင်ကိုယ်ကိုက စကားအလွန်နည်းခြင်းပင်။
ဝမ်ယိစကားတစ်ခွန်းပြောပြီဆိုလျှင် တစ်အိမ်လုံး အပ်ကျသံပင်မကြားရအောင်ထိ တိတ်ဆိတ်ပေးကြသည်။
မပြောဘူးဆိုလည်းမပြောဘူး
ပြောရင်လည်း လူကြားအောင်မပြောတတ်သည့် ဝမ်ယိရဲ့ တိုးညှင်းလှသည့် အသံကြောင့်ဖြစ်သည်။"ယိယိအတွက် ပါပါးက စက်ဘီးလေးဝယ်ထားတယ် ကြိုက်ရဲ့လား ယိယိ "
ကလေးစီးစက်ဘီးအနက်ရောင်လေးကို တစ်ချက်လှမ်းကြည့်မိသည်။
"ယိယိ စက်ဘီးမစီးချင်ဘူး ပါပါး "
"ဘာလို့လဲ ယိယိရဲ့ "
YOU ARE READING
Magic of love (SQHY Myanmar Fanfiction)
Fanfiction"ဆေးရုံဝတ်စုံကြီးနဲ့ ကုတင်ပေါ်မှာ လူမမာတစ်ယောက်လို လဲလျောင်းပြီး ဖွင့်ပြောတာက ငါထပ်ခါထပ်ခါပုံဖော်ကြည့်ဖူးတဲ့ ရိုမန်တစ်ဆန်ဆန်ဖွင့်ပြောတာမျိုးတော့ မဟုတ်ဘူးလေ" -Zhou Shiyu-