Fact From Fiction

13 2 0
                                    


"ခန့်မှန်းချေ နှစ်ငါးဆယ်လောက်တော့ခံလောက်တယ်မလား"

" ဘယ်သိမလဲ ",George အမှန်တိုင်းပဲ ပြန်ဖြေလိုက်တယ်။"အိမ်နောက်ဖေးမှာ နှစ်ပေါင်းငါးဆယ်လောက် မိုးဒဏ်ရေဒဏ်ခံပြီး အမြှုပ်ခံထားရမှာမလား"

"Hm..",Dream ကအကြံတစ်ခုရသွားတယ်။"ငါ့မှာ အကြံတစ်ခုတော့ရှိတယ်..ဒါပေမယ့် ..နံရံတော့ထပ်ပျက်စီးအုံးမယ်ထင်တယ်"

George က နံရံပေါ်မှာပဲအမြဲဖျက်ဆီးနေရတာ စိတ်ကုန်နေတဲ့အသံနဲ့ပြန်ဖြေတယ်။ဒါပေမယ့် တကယ်တော့ အဲ့လောက်လည်း သူစိတ်ထဲမထားပါဘူး။

" ဘာထပ်လုပ်အုံးမှာလဲ"

George,ဖုန်းတစ်ဖက်ကနေ နံရံခေါက်သံကြားလိုက်တယ်။

" နံရံကထူတော့ထူတယ်..သေတ္တာလေးဆံ့အောင် ဖောက်လိုက်ရင်ရမယ်ထင်တယ်..အဲ့ထဲကနေ ငါမင်းဆီကိုပို့ချင်တာပို့လို့ရတာပေါ့ ",

George ကသက်ပြင်းချရင်း" အင်း..လုပ်ကြည့်လေ"

Dream က အနီရောင် Swiss စစ်ဓားကိုယူပြီး ဓားသွားကိုထုတ်လိုက်တယ်။နောက် နံရံကိုထိုးဖြတ်လိုက်တော့ သစ်သားမှုန်တွေဖွာကျလာတယ်။

George,အိမ်နံရံပေါ်မှာ ဖြတ်ရာတွေတဖြေးဖြေးနဲ့ပေါ်လာတာကိုကြည့်နေတယ်။အပေါက်က သူ့မျက်နှာပုံဆွဲထားတဲ့နေရာဘေးလေးမှာပဲ။1970 ကတည်းက ဒီအိမ်မှာ ထူးထူးဆန်းဆန်းပြောင်းလဲသွားတာမျိုးမရှိပေမယ့် အချို့ပစ္စည်းတွေကတော့ ဒီမှာနောက်ဆုံးနေသွားတဲ့လူတွေ ယူသွားလေ့ရှိကြတယ်။နောက်ဆုံးနေခဲ့တဲ့သူကလည်း Dream ဖြစ်ဖို့များပါတယ်။ဒါ့ကြောင့် ပစ္စည်းတွေချန်ထားခဲ့လေ့မရှိကြပါဘူး။

Dream တစ်ယောက် နံရံမှာလေးထောင့်အပေါက်ဖောက်လို့ပြီးသွားခဲ့ပါပြီ။ကံကောင်းစွာနဲ့ပဲ အထဲမှာလျှပ်စစ်အကာပါတဲ့ အပေါက်လေးပဲရှိတယ်။သူ အိပ်ယာပေါ်က နားကြပ်ပါကက်ဆက်လေးကိုယူပြီး အပေါက်ထဲကိုထည့်လိုက်ကာ နံရံကိုပြန်ပိတ်လိုက်တယ်။

" ပြီးပြီ" လို့သူပြောလိုက်တယ်။

George နံရံအပေါက်ကိုပွင့်သွားအောက်တွန်းလိုက်ပေမယ့် နှစ်ပေါင်းများစွာကြာထားတာကြောင့် ဂျိုးတွေကပ်နေပြီးလွယ်လွယ်နဲ့ဖွင့်မရပါဘူး။နံရံကိုခေါက်ကြည့်ပြီး အားနဲ့ ထပ်ခါထပ်ခါထိုးကြည့်လိုက်တယ်။

Flowers From 1970-DreamNotFound (mmtran)Onde histórias criam vida. Descubra agora