အချိန်က ညဖက် 7:58 မိနစ်မှာ...တယ်လီဖုန်း ထမြည်လာတယ်။ထင်ထားတာထက် ပိုအိပ်ဖြစ်သွားတဲ့ George တစ်ယောက် တရေးနိုးလာပြီး ဖုန်းကိုင်ဖို့အပြေးသွားလိုက်တယ်။
" Dream!",သူ ဖုန်းထူးလိုက်တယ်။ထူးနေကျအသံထက် အခုသူ့အသံက စိတ်အားထက်သန်နေပါတယ်။ဖုန်းကြိုးကို အမြန်ဆွဲလိုက်မိလို့ တယ်လီဖုန်းတောင်လွတ်ကျတော့မလို့ပါပဲ။
Dream ဖုန်းပြန်မဖြေခင်မှာပဲ ဖုန်းတစ်ဖက်ကနေ ဗလုံးဗထွေးသံအချို့တောင်ကြားလိုက်ရပါသေးတယ်။
" Hello George!",သူထိုင်ချလိုက်ပြီးမှ,"မနေ့က ဖုန်းမခေါ်ဖြစ်တာ တောင်းပန်ပါတယ်ကွာ..မင်းစိတ်ပူနေမှာစိုးလို့,ငါ့သူငယ်ချင်း..Sapnap လေ..နှစ်နှစ်ကျော်ကြာတွဲလာတဲ့ သူ့ကောင်မလေးနဲ့ပြတ်သွားလို့တဲ့..သူ့အိမ်ကိုသွားပြီးဖြောင်းဖြပေးနေရတာ.."
အသည်းကွဲတယ်ဆိုတဲ့ခံစားချက်ကဘယ်လိုမှန်း George တစ်ခါမှမတွေ့ကြုံဖူးပါဘူး။သူ့အသည်းကိုခွဲမယ့်သူ မတွေ့သေးတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
သူ ဖုန်းကြိုးကိုဟိုဆွဲဒီဆွဲဆွဲလိုက်ရင်း ဖုန်းတင်ထားတဲ့စားပွဲအသေးလေးကို အနားကိုကပ်ဆွဲလိုက်တယ်။
" သူအခု ဘယ်လိုနေသေးလဲ",လို့သူမေးလိုက်တယ်။
" အချစ်ရေးပြဿနာတွေက တော်တော်တော့ မေ့ရခက်မယ်ထင်တယ်"Dream က သူ့စကားကို ခပ်ဟဟရယ်တော့ သူပြောတဲ့ထဲမှာဘာများရယ်စရာပါလို့လဲလို့ George တွေးမိပါတယ်။
"တော်တော်မေ့ရခက်မှာ..",Dream က George ရဲ့ ဗြိတိန်လေသံကိုလိုက်တုပြီး သူ့လိုသံယောင်လိုက်ပြောတယ်။
"မင်းပြောတာလဲဟုတ်ပါတယ်..သူအခုအခြေအနေသိပ်မကောင်းသေးပေမယ့်..သူကစိတ်မာပါတယ်..မကြာခင်ပြန်အဆင်ပြေသွားမှာပါ..သူ့ကောင်မလေးကလည်းသူ့အပေါ်သိပ်ကောင်းခဲ့တာလဲမဟုတ်ဘူးဆိုတော့ "အရင်အခန်းဖော် Alex ရည်းစားနဲ့ပြတ်ပြီးအသည်းကွဲတာတော့ George တစ်ခါတွေ့ဖူးပါတယ်။ အဲ့တုန်းကဆို Alex တစ်ယောက် အပတ်ပေါင်းများစွာ ကောင်းကောင်းမစား ပုံမှန်လည်းမအိပ်ပဲ တော်တော်ကိုအခြေအနေဆိုးခဲ့တာပါ။
VOCÊ ESTÁ LENDO
Flowers From 1970-DreamNotFound (mmtran)
Mistério / SuspenseThis is not my own. I love this fiction . Author is astronomika. All credits go to original writer. I'm just wanna share this story. Translator(Ayla Cumberbatch)