596 - 600

62 10 0
                                    

အပိုင်း(၅၉၆)

စုမေ့မှာ ရှေ့တွင် ထင်းထင်းကြီး ပေါ်လာသည့် ကမ္ဘာအသစ်ကို တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများဖြင့် စူးစမ်း နေခဲ့လေ၏။ သူမ၏ အထက်ရှိ ကောင်းကင်မှာလည်း ပြောင်းလဲသွားကာ အဖြူရောင် ခါးပတ်ကွင်းနှင့် ဧရာမ  နေကြယ်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အစား လခြမ်းကွေး သဏ္ဌာန် အနားစွန်း ပါရှိသည့် ဆေဘာကြီး တစ်စင်းသာလျှင် ကောင်းကင်၌ တည်နေ၏။ ၎င်းမှာ တိမ်များနှင့် ကောင်းကင်အလွှာတို့၏ အနောက်ယွန်းယွန်း၌ တွဲလောင်းကျ တည်ရှိနေကာ ထူးဆန်းသည့် အလင်းရောင်ခြည် တစ်မျိုးကို ထုတ်လွှတ်နေသည်။

“ဒါက လောကနယ်မြေလား...”

စုမေ့က ခပ်တိုးတိုး ရေရွတ်လိုက်စဥ်မှာပင် ပတ်ဝန်းကျင်ရှိ သိပ်သည်း များပြားလှသော ကြယ်တာရာ အမတေများမှာ ကြမ်းတမ်း ခက်ထန်စွာ ရွေ့လျားလာကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။ ရုတ်ချည်းပင် သူမ၏ အသိစိတ် ပင်လယ်က တုန်ရီသွားကာ ကြယ်တာရာ အမတေများထဲတွင် ထက်ရှသော ဆေဘာစွမ်းအင်များ ပါဝင်နေကြောင်း သူမ ရှင်းလင်းစွာပင် ခံစား လိုက်ရသည်။ ဆေဘာရည်ရွယ်ချက်က သူမ စိတ်ထဲတွင် ဟိန်းဟောက်၍ ထွက်ပေါ်လာကာ ဆေဘာစွမ်းအင်များကို လွှမ်းခြုံသွား၏။ ဖြည်းညင်းစွာပင် နှေးကွေးသော စွမ်းအင် ပတ်လမ်းတစ်ခု သူမ ခန္ဓာကိုယ်ထဲ၌ ထွက်ပေါ်လာကာ ထျန်းတျန်ဆီသို့ စီးဆင်း သွားသည်။

စုမေ့ တစ်ယောက် ထူးဆန်းသော လောကနှင့် ဆေဘာ စွမ်းအင်တို့ကို အံ့အားသင့် သွားခဲ့ချိန်မှာပင်...

ရွှစ်... ဝှစ်...

“အား...”

“မဟုတ်ဘူး... နာလိုက်တာ...”

"ဒါက ဘာကြီးလဲ... ရပ်လိုက်ပါတော့... တောင်းပန်ပါတယ်”

အသား လှီးဖြတ်ခံရသံများနှင့် ထိတ်လန့်တကြား အော်ဟစ် ငိုယိုသံများမှာ လူငယ် အုပ်စုများ အကြားမှ ထွက်ပေါ်လာခဲ့၏။

စုမေ့က သူတို့ကို လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကြယ်တာရာ အမတေများ အတွင်း စိမ့်ဝင်နေသည့် ဆေဘာစွမ်းအင်များမှာ အလွန်အမင်း သိပ်လည်းလွန်းလှသည်။ သူမလို ဆေဘာရည်ရွယ်ချက် ပိုင်ရှင် တစ်ယောက် ပင်လျှင် ၎င်းတို့ကို စုပ်ယူယူချင်း အသိစိတ် ပင်လယ် တစ်ခုလုံး တုန်ရီသည် အထိ ခံစားခဲ့ရသည်။ သာမန် ကျင့်ကြံသူများ အတွက် ထိုစွမ်းအင်များကို ခုခံရန်က မဖြစ်နိုင်လောက်အောင်ပင်။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now