"အစ်ကို ... အိမ်ရှေ့လေးပဲခနလောက်လေး ထွက်လာပေးလို့ရမလား ...ကျွန်တော်တောင်းဆိုတာပါ "ဝင်လာတဲ့စာတိုကို ထယ်ရယ်ဖတ်လိုက်ပြီးနောက် ဖုန်းအား ဘေးချလိုက်ကာ ဖတ်လက်စစာအုပ်ထဲအာရုံပြန်စိုက်လိုက်သည်။ သုံးရက် ..။အဲနေ့ညပြီးနောက်ရက်ကတည်းက ထယ်ရယ် ရစ်ခီကို မမြင်ရအောင် ရှောင်နေတာ သုံးရက်ရှိပြီဖြစ်သလို နေမကောင်းလို့လို့ပြောပြီးအခန်းအောင်းနေတာလည်း သုံးရက်ရှိပြီဖြစ်သည်။ အဲနေ့ညကမြင်ကွင်းကိုပြန်တွေးမိရင် ရစ်ခီရှန့်ကို သဘောကျမိမလိုဖြစ်ခဲ့သည့် စိတ်တို့ကို ထုထောင်းပြီးမောင်းထုတ်ပစ်လိုက်ချင်သည်။ နေမကောင်းလို့ခွင့်တင်ရင်း ကျောင်းပါ ပြောင်းရွှေ့လည်းတင်ဖို့လုပ်ထားသည်။ အရင်ကတည်းက နေမကောင်းရင် အခန်းထဲပဲနေနေကြမလို့ ပါးတို့မားတို့က ထူးပြီးသံသယမဝင်ကြ။ ဟာအို့ကိုရင်ဖွင့်မယ်လို့တွေးပြန်တော့လည်း ပြန်တော့မဲ့လူကိုဒုက္ခမပေးချင်တာနဲ့ မပြောမိလိုက်။
အဲနေ့ညပြီး နောက်တစ်နေ့ကတည်းက ရစ်ခီရှန်တစ်ယောက် ကျွန်တော်ရှင်းပြပါမယ်ဆိုပြီး ဖုန်းတွေတဂွမ်ဂွမ်ဆက်။ စာတွေပို့လည်း ထယ်ရယ် ဂရုကိုမစိုက်တော့။ သူကိုယ်တိုင်ဒီမြင်ကွင်းကိုမြင်စေချင်လို့ လိပ်စာပါပို့ပြီး လိမ်ခေါ်တာမဟုတ်ဘူးလား။ အခုမှလာပြီးဘာလို့ ရှင်းပြပါမယ်လုပ်နေရသလဲ။ နောက်ပြီး ပုံတွေပို့နေတဲ့သူကလည်း ဘာအကြောင်းကြောင့်ပို့နေမှန်းမသိ။ သူ့ကိုဘာဖြစ်စေချင်တာလဲ ..တမင်ပဲ သူဒီလို ဖြစ်နေတာကိုလိုချင်တာများလားဟု စိတ်ပေါက်ပေါက်နဲ့တွေးမိသည်။ အခုလည်း အိမ်ရှေ့ထိရောက်လာရှင်းပြပါရစေလုပ်နေပေမဲ့ နောက်ဆို ရစ်ခီလည်းသူ့လမ်းသူသွား ထယ်ရယ်လည်းကိုယ့်လမ်းကိုယ်သွားမှာမို့ ရက်တွေကြာသည်အထိအဲဒီကလေးဇွဲမကောင်းနိုင်ပါ။ နောက်ပြီး ထယ်ရယ်စိတ်ဆိုးခြင်း၊မဆိုးခြင်းက လက်ထပ်မဲ့ကောင်မလေးရှိတဲ့၊ အဲကောင်မလေးနဲ့ အတူတောင်အိပ်ပြီးတဲ့ ရစ်ခီရှန်နဲ့ဘာဆိုင်တာမှတ်လို့ ထယ်ရယ့်ကိုရှင်းပြပါရစေ လာပြောနေရသနည်း ။ ထယ်ရယ် မကျေမနပ် အတွေးတို့လွန်နေပြန်တုန်း ဝင်လာပြန်သည့်စာ။
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠