What Do I Do

410 29 4
                                    


အချစ်ဦးလေးမို့ ရူးခဲ့ရတယ်
လက််ချောင်းလေးတွေ လှုပ်တာကအစ
မျက််တောင်လေးတွေ ခပ််တာထိ
ကိုယ်ဟာ တစိမ့်စိမ့် ငေးပြီး ချစ်ခဲ့ရတယ်။
နောက််ဆုံးတော့လည်း အချစ်ဦးဆိုတဲ့အတုိင်း...

" ကိုကို !! "

"ကျစ် လာပြန်ပြီကွာ "

အတန်းထဲက ထွက််တာနဲ့ တစ်ကျောင်းလုံးအနှံ့ပတ်ရှာပြီးမှ လူသွားအလာနည်းတဲ့ နေရာမှာ သူ့ရဲ့ နတ်သားလေးကို တွေ့ရသည်။ သူငယ်ချင်းတွေနဲ့ ရယ်မောနေတဲ့ ကိုကို့ကို အားရ၀မ်းသာ လက််ပြပြီး ခေါ်လိုက််တော့ ချက််ချင်း တည်ကျသွားတဲ့ ကိုကို့မျက််နှာကြောင့် ရင်ဘက််က ဆစ်ခနဲ။

ထပ််ပြီး ကိုကိုစိတ်ရှုပ်အောင် လုပ်မိပြန်ပြီဆိုပေမယ့် ချန်းယောင်းက ကိုကို့တွေ့ချင်မိရုံ။
ဘယ်ဘက််ရပ်၀န်းနားက နာကျင်မှုကို ကိုကိုမရိပ်မိအောင် အပြုံးတုနဲ့ဖုံးပြီး ကိုကို့အနား ပြေးသွားလိုက််သည် ။

ဒီလိုပါပဲ။ ကိုကို့နား အတင်းတွယ်ကပ်မယ်။ ကိုကိုက မကြိုက််ကြောင်း သိသိသာသာပြလာရင်တောင် ချန်းယောင်းစိတ်ထဲ ၀မ်းနည်းသွားရင်တောင် ဘာမှ မဖြစ်သလိုမျက််နှာပြောင်တိုက််ပြီး ပေကပ်နေမယ်။

" ကဲ ကလေးဖေရေ သားလေးနဲ့ပဲ နေခဲ့ပြီး ဖခင်တာ၀န်ကျေလိုက်တော့နော် ဟားဟား "

ကိုကို့ပုခုံးကို ပုတ်ကာ ထွက််သွားတဲ့ သူငယ်ချင်းတွေရဲ့ တဟားဟား အော််ရယ်သံတွေ ပျောက််သွားတဲ့အထိ ကိုကိုဟာ ချန်းယောင်းဆီ အကြည့်လေးတစ်ချက််တောင် ရောက််မလာခဲ့ ။

" မင်း ဘယ်ချိန်ထိ လိုက််နှောင့်ယှက််နေမှာလဲ "

" ကျွန်တော်က.. "

" စိတ်ပျက််တယ် မင်းကို "

ပြောချင်တာပြောပြီး ချန်းယောင်းပုခုံးကို တိုက််ကာ ထွက််သွားတဲ့ ကိုကိုက လျစ်လျူရှုတဲ့ နေရာမှာ သိပ်ကို တော်လွန်းပါ၏။ ကျန်နေခဲ့တဲ့ ချန်းယောင်းကို တစ်ချက််လေးမှ လှည့်မကြည့်ခဲ့သလို ကိုကို့ကြောင့် နာကျင်သွားတဲ့ ချန်းယောင်းရဲ့ နှလုံးသားကိုလည်း စာနာမပေးခဲ့ဖူးဘူး။ ချန်းယောင်းရင်ထဲ ၀င်ကြည့်လို့ ရရင်တောင် ကိုကိုက မသိချင်ယောင်ဆောင်နေမယ့် သူမျိုး။

You've reached the end of published parts.

⏰ Last updated: Jan 22 ⏰

Add this story to your Library to get notified about new parts!

// calling _- 119 //Where stories live. Discover now