Part -1

374 31 5
                                    

*ဒီဇာတ်လမ်းလေးက ကျတော်ရဲ့ စိတ်ကူးလေးပါ။ ဒါကြောင့်အမှားပါခဲ့ရင် နားလည်ပေးစေချင်ပါတယ်။*

တောရွာလေးရဲ့ အိမ်လေးတစ်အိမ်မှာ သိပ့်ကိုချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ကဆုန်လပြည့်နေ့မှာ မွေးဖွားခဲ့တယ် သူမကတော့ နှိုင်းမရမောင်ဆိုတဲ့ ကလေးလေးပေါ့။ သူမကိုတစ်ရွာလုံးကသိပ့်ကိုမှချစ်ကြတယ် သူမရဲ့ချစ်စရာကောင်းတဲ့စိတ်ထားလေးကြောင့်ပေါ့ မည်သူကိုမဆိုအကူညီပေးဖို့ဝန်မလေးသူလေး ဒါကြောင့်ပဲသူမရဲ့ကောင်းသတင်းလေးတေကကျော်ဇော်တာပေါ့။ သူမဆိုပေမဲ့မိန်းကလေးတော့မဆန်ပဲ လွတ်လွတ်လပ်လပ်နေရတာသဘောကျသူလေး။ ယောကျ်ားလေးဆန်ဆန်အဝတ်အစားကိုသာအမြဲဝတ်ဆင်သူလေး။ ကျောင်းမှာလည်းစာတော်တဲ့သူလေးမို့ဆရာ/ဆရာမတေရဲ့ အချစ်တော်လေးပေါ့။ သူမကစကားအရမ်းနဲပြီး အနေအေးတော့ သူငယ်ချင်းဆိုတာသိပ့်မများ စက်ပစ္စည်းနဲ့ပတ်သတ်ရင် ဝါသနာအရမ်းကြီးသူလေး ဒါကြောင့်ပဲ သူမမိဘတေက သူဝါသနာပါတဲ့ ကွန်ပျူတာတက္ကသိုလ်ကို မြို့မှာသွားတက်စေခဲ့တယ်။ တက္ကသိုလ်မှာတော့ ကောင်လေး/ကောင်မလေးတေရဲ့ အသဲစွဲလေးပေါ့။ ကျောင်းပြီးလို့အိမ်ပြန်ရမဲ့အချိန်ရောက်လာခဲ့ပြီလေ...........

"hello မေမေ" "မနက်ဖြန်ဆို နှိုင်း ရွာပြန်လာရတော့မယ်"

"ဟုတ်လားသမီးလေးရယ် အဲ့တာကိုအရင်နေ့ကတော့မပြောပဲကွယ် ဒီနေ့ပဲမြို့ကို လူကြုံတာနဲ့ သမီးအတွက်ဟင်းကြော်တေ မေမေထည့်ပေးလိုက်တာ"

"ဟုတ်လား နှိုင်းလည်းမေ့သွားလို့မေမေရဲ့ ကြိုပြောမို့ကိုပဲ"

"မေကြီးရေ သမီးလေးဆီကလား"

"ဟုတ်ပတော် ရှင့်သမီးကမနက်ဖြန်ပြန်လာတော့မှာတဲ့"

"ဟေ သမီးကတော့ကွာကြိုမပြောဘူးကွာ ဖေကြီးတို့ ဟင်းကြော်တေ ဒီနေ့ပဲ ထည့်ပေးလိုက်တာ"

"အဲ့ဆို နှိုင်းကပြန်မလာရတော့ဘူးလား ဖေကြီးနဲ့ မေကြီးကလည်း နှိူင်းကမေ့သွားလို့ပါဆို"

"ဟုတ်ပါပြီကွာ အဲ့ဆိုသမီးလေးကားဂိတ်ရောက်ရင် ဖေကြီးကို ဖုန်းကြိုဆက်နော်"

"Oneiric Seraph"Where stories live. Discover now