အပိုင်း (၁၅) ခင်ဗျားက ဘယ်လို ယောက်ျားမျိုးလဲ?
"ရှောင်ယွိ ငါ့ကို အထင်မလွဲပါနဲ့..။" ယန်ရွေ့ချင်းက ဖြူစင်လှသည့် အကြည့်တို့နှင့် ကြည့်လိုက်ပြီး သူ့အသံက နူးညံ့ညင်သာနေသည်။ "ရွေ့ကောနဲ့ ငါက ငယ်ငယ်လေးကတည်းက သိခဲ့ကြတာ။ ဒါကြောင့် စကားပြောတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ကြည့်တာက အကျင့်လို ဖြစ်နေတာပါ။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့။"
ရှန်ယွိက မျက်လုံးကို လှိမ့်လိုက်သည်။ "မတရားခံရသလို သရုပ်ဆောင်မနေစမ်းပါနဲ့။"
"မင်း ဘာတွေတွေးနေလဲဆိုတာ ငါ သတိမပြုမိဘူးလို့လား ထင်နေတာလား။"
နှစ်ဖက်အဖွဲ့၏ ကင်မရာများက ထိုမြင်ကွင်းကို အမိအရ ရိုက်ကူးရင်း အလုပ်များနေခဲ့သည်။ သူတို့လိုချင်သည့် တိုက်ရိုက်ထုတ်လွှင့်မှု၏ အောင်မြင်မှုကို ရရှိရန် ကင်မရာက သူတို့နှစ်ယောက်၏ မျက်နှာများကို ရှေ့ရောနောက်ပါ လှည့်ပတ် ရိုက်ကူးနေခဲ့၏။ သူတို့သည် အမူအရာတိုင်းကို အသေးစိတ် ရိုက်ကူးရယူနိုင်ရန်ပင် ဆုတောင်းနေကြသည်။ သူတို့က အစစ်မှန်ဆုံးသော မျက်နှာစုတ်ဖြဲသည့် တိုက်ပွဲကို ပြည်သူလူထုအား ချပြချင်နေပေသည်။
သို့သော် ပြဿနာက တစ်ဖက်သတ်သာ ဖြစ်သည်။
လက်ရှိတွင် ရှန်ယွိက ယာယီအားဖြင့် အသာစီးရနေခဲ့၏။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းမှ မှတ်ချက်ကဏ္ဍတွင် နည်းနည်းလေးမှ တည်ငြိမ်မနေနိုင်ကြတော့ပေ။[ရှန်ယွိက ဘာကို ပြောဖို့ ကြိုးစားနေတာလဲ။ လက်ထပ်ထားတာက အဲဒီလောက် အံ့သြဖို့ ကောင်းလို့လား။ နင့် ယောက်ျားကို ဘယ်သူမှ ကြည့်တာ မကြိုက်ဘူးဆိုလည်း အခန်းထဲသာ ထည့်ဖွက်ထားပါတော့လား။]
[ငါ့မိသားစု ချင်းချင်းက ရှင်းပြပြီးပြီလေ။ ဘာလို့ ဆက်ပြီး ရန်လိုနေရသေးတာလဲ။ နင့်ရဲ့ အပြုအမူတွေက နင့်ရဲ့ တန်ဖိုး ဘယ်လောက်နိမ့်ကျလဲဆိုတာ ပြသနေတာပဲ။]
![](https://img.wattpad.com/cover/322517026-288-k824488.jpg)
VOUS LISEZ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Roman d'amourNote: ပင့်ကျောင်းစီအီးအို = Yandere CEO