အခန်း (၄၉)

851 90 2
                                    

Unicode
.
.
ရှောင်ကျစ်ကောနှင့် အန်းချန်ချင်းတို့ စစ်သူကြီးအိမ်တော်သို့ ပြန်ရောက်သောအခါတွင် ကျိုးဟယ်လန်သည် လက်မှုပညာသည်တစ်ဦးကို ခေါ်ယူပြီးသွားပြီ ဖြစ်သည်။

ယန်ကျိုးသည် သာယာဝပြောသောပြည်နယ်တစ်ခု မဟုတ်ပေ။ လူချမ်းသာများပင် ခြိုးခြံချွေတာ၍ နေထိုင်ကြရလေသည်။ ထို့ကြောင့် လက်ဝတ်ရတနာဆိုင် နှစ်ဆိုင်သာ ရှိပြီး ၎င်းတို့၏ကုန်ပစ္စည်းအများစုမှာ ရွှေနှင့် ငွေတို့ကို ကျောက်စိမ်းတုံးလေးများသုံး၍ ဒီဇိုင်းထွင် စီခြယ်ထားကြလေသည်။

တစ်ယောက်ပြီးတစ်ယောက် စုံစမ်းမေးမြန်ပြီးနောက်တွင် ကျိုးဟယ်လန်သည် အရည်အချင်းပြည့်ဝသော လက်မှုပညာသည်တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။

လက်မှုပညာသည်က ကျောက်များကို အချိန်အတော်ကြာ ဂရုတစိုက် လေ့လာကြည့်ပြီးနောက်တွင် ကောက်ချက်ချလိုက်၏။

"ဒါက ကျောက်စိမ်းဆိုတာ အမှားအယွင်းမရှိပါဘူး။ ဒါပေမဲ့ တစ်ချို့က သန့်စင်ပြီးတော့ ကျန်တာတွေက အရည်အသွေးညံ့ပါတယ်။ ဒါကြောင့် သိပ်မရောင်းရနိုင်ပါဘူး"

ထို့နောက် သူသည် တစ်ဒါဇင် သို့မဟုတ် ထိုထက်မကသောကျောက်များကို နှစ်ပုံခွဲလိုက်လေသည်။ ပိုကြီးသောအပုံမှာ အရည်အသွေးနိမ့်သော ကျောက်များဖြစ်ပြီး ကျန်တစ်ပုံမှာ သန့်စင်ပြီး အပြစ်အနာအဆာကင်းသော ဧကရာဇ်အဆင့်ကျောက်စိမ်းများ ဖြစ်ကြသည်။ ဤသို့ဆိုလျှင်ပင် အနည်းငယ်သော အဖိုးတန်ကျောက်မျက်တုံးများကို ယဲ့ကျင့်တွင် အမြတ်အစွန်းများစွာဖြင့် ရောင်းချနိုင်ပါသေးသည်။

အမြဲတမ်း အေးအေးဆေးဆေး နေတတ်သော ကျိုးဟယ်လန်သည်ပင် စီးပွားရေးကို စိတ်ဝင်စားစပြုလာကာ သူ့မှာ စိတ်လှုပ်ရှားနေလေတော့သည်။

ရှောင်ကျစ်ကောနှင့် အန်းချန်ချင်းတို့ ပြန်လာသောအချိန်တွင် ကျိုးဟယ်လန်သည် လက်မှုပညာသည်အတွက် အနားယူရန် နေရာတစ်ခု စီစဉ်ပေးထားခဲ့သည်။

အန်းချန်ချင်းသည် ကျောက်စိမ်းတုံးများကို ဟိုရွှေ့သည်ရွှေ့ဆော့ကစားနေရင်း သူ့မှာ ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျလာသကဲ့သို့ ခံစားနေရ၏။ သူသည် မျက်လုံးတောက်တောက်လေးများဖြင့် ရှောင်ကျစ်ကောအား လှမ်းကြည့်လိုက်လေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now