💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}
{အခန်း၁၃}
မျက်ဝန်းလေးများဝိုင်းစက်လျှက်အံ့သြသည့်ပုံဖြင့်သူ့ကိုမေးခွန်းထုတ်လာသည့်ဖွဲ့မျက်နှာလှလှလေးကိုသူပြန်လည်စိုက်ကြည့်မိရင်း ဖြေစရာစကားလုံးများပျောက်ရှနေတော့သည်။
"မိုးထိကမ်းနား ဘယ်လိုသိတာလဲလို့!!.."
"ခွန်းဆက်ပြောတာလို့ပြောပြီးပြီလေ ဘာထပ်ပြောရမှာလဲ ပြီးတော့မင်းဘာလို့ရေကူးကန်နားကိုသွားရတာလဲလို့ မောင်မေးတာကျမင်းမဖြေဘူး!!..."
"ငါတမင်သွားတာမဟုတ်ဘူး ယူရီကပြောစရာရှိတယ်ဆိုလို့"
"ဘာယူရီကဟုတ်လား!!.."
ဒေါသတကြီးပြန်မေးလာသည့်သူ့ကိုဖွဲ့ခေါင်းလေးအသာညိတ်ပြရင်း ယူရီနဲ့တွေ့ဖြစ်သည့်အကြောင်းပြောပြလိုက်သည်။
*
*
{လွန်ခဲ့သောတစ်နာရီက}"မမလေး ဧည့်သည်လာပါတယ်"
တံခါးခေါက်ရင်းပြောလာသည့်မိုးထိကမ်းနားတပည့်တစ်ယောက်ကြောင့် ဖွဲ့ထိုင်နေရာမှထရင်းတံခါးကိုဖွင့်ပေးလိုက်သည်။
"ဧည့်သည်ကဘယ်သူလဲ"
"အောက်ထပ်ကဧည့်ခန်းမှာစောင့်နေပါတယ် မမလေး"
ဖွဲ့ ထိုလူကိုခေါင်းညိတ်ပြရင်း အောက်ထပ်သို့ဆင်းလာလိုက်သည်။
"စကားပြောရအောင်ဖွဲ့နွှဲ့မမှီ"
အောက်ထပ်ဧည့်ခန်းကဆိုဖာပေါ်တွင်စမက်ကျစွာထိုင်နေသည့် ဒါရိုက်တာယူရီ့ကိုတွေ့လိုက်ရသည်။
"ပြောစရာကဘာများလဲယူရီ!!..."
အရင်ကလိုလေးစားရန်မလိုသည်ကြောင့် ဖွဲ့ ယူရီဟုပင်သုံးနှုန်းခေါ်လိုက်သည်။ယူရီကဖွဲ့ထံတည့်တည့်လျှောက်လာ၍
"အေးဆေးစကားပြောချင်တယ်လိုက်ခဲ့"
ယူရီကပြောရင်းအရှေ့မှဦးဆောင်ထွက်သွားသည်ကို ဖွဲ့နေရာမှာတင်ရပ်၍ကြည့်နေမိသည်။
"ခေါ်နေတာကိုလာလေ"
စိတ်မရှည်သည့်အသံဖြင့်ပြော၍ ပြန်လှည့်လာကာ ဖွဲ့လက်ကောက်ဝတ်အားအတင်းဆွဲခေါ်လိုက်သည်။
YOU ARE READING
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}
Romance"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"