၇၉၀။ တိုက်ပွဲ စတင်ခြင်း (၅)

396 40 0
                                    

၇၉၀။ တိုက်ပွဲ စတင်ခြင်း (၅)

အက်ကွဲ နေတဲ့ အိုးက သူ့အလိုလို ကွဲသလိုပေါ့, အနိုင်ရဖို့ အခွင့်အရေး မရှိဘူးဆိုတာ သိလို့, သူက လုပ်ရိုးလုပ်စဉ်ကိုတောင် မလုပ်တော့တာ ဖြစ်မှာပေါ့ လူငယ်တချို့က လှောင်ပြောင်ကြသည်။ သူတို့ထဲမှ တချို့က လိပ်ပြာတိုက်ပွဲ ပထမအကျော့မှာပင် ရှင်သန်နိုင်မည် မဟုတ်ကြောင်း သိထားကြသည်။ သို့သော် သူတို့ မည်မျှပင် အားနည်းပါစေ, ဒီလိုမျိုး ဗြောင်ကျကျတော့ ထွက်ခွာသွားကြမည် မဟုတ်ပေ။

ထိုသို့ ဗြောင်ကျကျ ထွက်ခွာသွားခြင်းက ကူကယ်ရာမဲ့ခြင်းကို ပြသနေတာ ဖြစ်ပြီး ကျန်ရစ်နေခဲ့တာကမှ နိုင်ပွဲ မရနိုင်သော်လည်း အနည်းဆုံးတော့ တခြားသူများ၏ တိုက်ပွဲမှ သင်ယူလေ့လာရင်း အတွေ့အကြုံ ရရှိနိုင်မည် မဟုတ်လော။

ဂျန်ဝုရှီလို တိုက်ပွဲ တစ်ပွဲလေးကိုပင် မကြည့်ဘဲ ထွက်ခွာသွားခြင်းက မကြုံစဖူးသော အနေအထား ဖြစ်သည်။

ဟဟ... သူ ရိုင်းပျတယ်လို့တော့ ငါ မထင်ဘူး၊ ဒါပေမဲ့ အကိုကြီးလင်းနဲ့ နံပါတ်တူ ကျလို့, သူ ဒီမှာ ဆက်နေဖို့ ကြောက်သွားတာ ဖြစ်ရမယ်။ နဂါးသတ်ကျောင်းတော်မှ တပည့်နှင့် နီးကပ်စွာ ထိုင်နေသော ပိန်ပိန်ပါးပါး လူငယ်က တိုက်ပွဲကွင်းပြင်မှ ထွက်သွားသော ဂျန်ဝုရှီကို တွေ့မြင်ရချိန်မှာ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ပြောလေ၏။ သူပြောတာကို သူက ကြားစေချင်ပြီး နဂါးသတ်ကျောင်းတော်မှ တပည့်လို တစ်စုံတစ်ယောက်ကို သူ အားကျတာကို ဖော်ပြချင်သည်။

အကိုကြီးလင်းက သူ့ကို ဆိုးဆိုးရွားရွား ကြောက်လန့်သွားစေတာ နေမယ်၊ သူ တိုက်ပွဲ စင်မြင့်ကို တက်သွားတာနဲ့ မတိုက်ဘဲနဲ့ တစ်ခါတည်း အရှုံးပေးမယ်လို့ ငါ ခန့်မှန်းတယ် နောက်တစ်ယောက်ကလည်း အသံကျယ်ကျယ်ဖြင့် ပြောသည်။ သူတို့က အရှက်မရှိ ဖားယားနေကြသည်။

သူတို့က ကျောင်းသေးသေးများမှ လာရောက်ကြသူများ ဖြစ်ကြသည်။ သူတို့စွမ်းအားက မစို့မပို့မှန်း သူတို့ သိကြသည်။ သူတို့ ဂုဏ်ယူဝံ့ကြွားလောက်အောင် မည်သည့် ‌အောင်မြင်မှုကိုမျှ မရရှိနိုင်မှန်းလည်း သူတို့ သိထားကြသည်။ ထို့ကြောင့် သူတို့က ဂုဏ်သိက္ခာကြီးမားသော ကျောင်းကြီးများမှ တပည့်များကို ဖားယားရန် စဉ်းစားကြသည်။ ထိုထိပ်တန်းတပည့်များနှင့် ဆက်နွှယ်ရသဖြင့် နောက်နောင် တချို့ အကျိုးကျေးဇူးများကို ရရှိနိုင်ရန် မျှော်လင့်ထားကြသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt