VIOLATION ( PART 16 )
_____________________
VIOLATION ( PART 16 )
_____________________ခံစားချက်များပြီးမြောက်ခြင်းမရှိသော်လည်း အသိအမှတ်ပြုပေးဖို့ဆုံးဖြတ်လိုက်သည်။
အရမ်းသေးငယ်လှပြီး ခံစားနိုင်စွမ်းနည်းသည့် ထိန်းချုပ်နိုင်စွမ်းကြီးသူအား လျှာတစ်ခုတည်းဖြင့်ခံစားတတ်အောင်လုပ်နိုင်စွမ်းသည်တော်ရုံစကေးတော့မဟုတ်ပေ။
သို့သော်လျှာတို့မည်သည်ချောမွေ့နေသည်ထက်ကြမ်းတမ်းသည့်လျှာကပို၍ခံစားချက်ပေးစွမ်းနိုင်ပြီး မထား၏ လျှာမှာမူ နူးညံ့အိစက်လို့နေပြီး အတော်အတန်ရှည်တဲ့အထဲပါသည့်အတွက်မဆိုးလှချေ။ခရီးမှအရင်ဆုံးပြန်လာခဲ့ပြီးနောက်အိမ်တွင်းအောင်းလို့သာနေမိသည်။
အရှင်းနေကောင်းသွားသည်မဟုတ်သဖြင့်ရေရှည်စိတ်ရှုပ်စရာတွေကြားမနေချင်တော့ပဲ တစ်ယောက်ထဲပြန်ဖို့သာဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။မပြီးပြတ်သည့်အလုပ်များလုပ်၍ကျန်ခဲ့ရသော်လည်း ထားစိတ်ထဲ စနိုးစနောင့်ဖြစ်လျှက်ရှိသည်။
အပေးအယူဖြင့်အယုံသွင်းကျောသပ်သွားသလိုခံစားရသော်လည်း ကျေနပ်နေမိပြန်သည်။
ဆိုးသွမ်းသည်မဟုတ်ရိုးဖြောင့်သည်မဟုတ်သော်လည်း စိတ်ထားစေတနာဖြူစင်ပြီးအနစ်နာခံတတ်သည့်ထိုကလေးကိုတော့ထားချွင်းချက်အနေဖြင့်စွဲလန်းနေမိသည်။
အားနဲချက်ရှိလာမည်ကို အမြဲထောင့်စေ့အောင်ပိတ်ပင်ထားခဲ့သော်လည်း ချွင်းချက်အနေဖြင့် နှလုံးသား၏ ပျော့ပျောင်းတိမ်းညွှတ်မှုအပေါ်တွင်မူထိန်းချုပ်မရနိုင်ခဲ့ပေ။
ထို့အတွက် အတ္တကြီးစွာ ပိုင်ဆိုင်လိုသည်။
ဆုပ်ကိုင်ဖမ်းချုပ်ထားချင်သည်။
မှန်ကန်သည်မမှန်ကန်သည်ထက် လိုချင်တာဘာမဆိုအရယူတတ်သည့်ထားအတွက် နောင်တ ဆိုတာ ဂျိုနဲ့လားမေးယူရအောင်ပင် ပြတ်ပြတ်သားသားပိုင်ပိုင်နိူင်နိုင်ချယ်လှယ်နိုင်ခဲ့သည်သာ။
မိန်းမ ပေမယ့် ဂန္နာရ နှင်းဆီနက်လို အဆိပ်ပြင်းပြင်း လွှမ်မိုးနိုင်စွမ်းရှိရှိရှင်သန်ရုန်ကန်လာသည့် ထား အဖို့ ဘယ်သူ့အကျောမှမခံခဲ့သော်လည်း သိသိရက် အရှုံးပေး ငြိမ်ဝပ်ပြခဲ့ရသည်။
ပေးနိုင်သမျှပေးမယ် Baby ယူနိုင်သမျှလဲပြန်ယူမယ်။
သေချာတာတစ်ခုက ဘယ်တော့မှလက်လွှတ်မပေးချင်ဘူး Babyရာယ်။
စိတ်ပင်ပမ်းရပေမယ့် နေကောင်းကာစကိုပင်ကောင်းစွာအနားမယူပဲ ဝါသနာအရ Live လွှင့် Blog ရိုက်နေပြန်သည့် ကလေးကြောင့် အလွမ်းပြေရသလို ပြုံးမိပြန်သည်။
တတ်လာသော Comment များကိုကြည့်ရင်း သဝန်တိုရသလို ဖွက်ထားချင်မိသည့်အထိ လောဘကြီးမိသည်။
သို့သော်လည်း ချစ်ရသူကို မွန်းကြပ်မနေစေလိုပေ။ထို့ကြောင့်မတတ်သာ၍ခွင့်ပြုထားရပေသည်။
သဘောတူညီချက်ရှိသည်ကိုတွေးတာရင်မောမိပေမယ့် မကြာခင်အပိုင်သိမ်းဖို့အစီအစဉ်တော့လက်မလျှော့ခဲ့ပါ။
လိုချင်တာမှမရရင် ရတာတွေကို ဂရုမစိုက်တတ်တဲ့ထားအဖို့ အလွယ်မရယူနိုင်တဲ့ ဒီကလေးက မက်မောလောက်စရာပင်။
မြတ်နိုးရသည့်စိတ်ကြောင့် တွန့်တိုဥစ္စာခြောက်မိသည်ကထူးဆန်းသည်ဟုထားမထင်မိပေ။
မထင်မှတ်ပဲ လချီကြာသွားခဲ့ပြီး ပြဿနာပေါင်းများစွာကိုယ်တိုင်ဖြေရှင်းပြီးနောက် ညတွင်းချင်းပင် အိမ်ကိုဒုန်းဆိုင်းပြန်လိုက်တော့သည်။
အချိန်မတော်ပြန်ရောက်သည်မို့ ရေမိုးချိုးကာ Babyအခန်းထဲသို့အသာအယာခြေဖွဝင်ကာ ရင်ခွင်ထဲသို့ဝင်တိုးအိပ်လိုက်သည်။
အအိပ်ဆတ်သည့်ထိုကလေးက ချက်ချင်းနိုးလာပြီး အိပ်ချင်မူးတူးဖြင့်
"ဟမ်...
ဘယ်သူလဲ..."
YOU ARE READING
VIOLATION & ချိုးဖောက်ခြင်း
Rastgeleကို့ရဲ့ပထမဆုံး + ပါတဲ့ စာရေးဖူးတာပေါ့။ ဒါကြောင့် အမြင်မတူရင် လက်မခံနိုင်ရင်လစ်ပါ။ BSDM ဆန်ဆန်သွားမှာမို့ အဆင်ပြေရင်ဖတ်။မပြေရင်တော့ဂျောင်းပေါ့။Lesbianဆန်ပြီ Domme & Sub ပုံစံသွားမှာမို့ LGBTတွေ လက်မခံနိုင်ရင်လဲဂျောင်းပါ။ စိတ်ရှုပ်မခံချင်ဘူး။