My opportunity (လွတ်လပ်ခွင့်) U/Z

72 0 0
                                    

"ကျွန်တော့်နာမည်က ဝဏ္ဏပါ။ ကျွန်တော့်အသက်က ၂၁ ရှိပေမယ့် ကျွန်တော့်ဆီမှာ ငယ်ငယ် ကတည်းက ခံစားလာရတဲ့ ခံစားချက်ကြီးတစ်ခုရှိနေတယ်လေ။"

ကျွန်တော် ရပ်ကွက်ထဲကို ခန ထွက်လာပြီဆိုတာနဲ့ လူတွေက ကျွန်တော့်ကိုမြင်ရင်.....

"အဲ့ကောင်ရှိနေတာ ငါတို့ ရပ်ကွက်နာတယ်"

"ဟုတ်ပါ့အေ ယောက်ကျားကြီးဖြစ်နေပြီး ခြောက်နေရတယ်လို့"

"သူ့နားကို ကပ်မနေနဲ့ဦး ငါတို့ပါ သူ့ဆီက ဓာတ်တွေကူးနေဦးမယ်"

ကျွန်တော် အဲ့လိုအသံတွေကြားတိုင်း ရင်ထဲမှာ တော်တော် ခံစားခဲ့ရတယ်။

အဲ့လိုမျိုးတွေစဖြစ်တာက......

လွန်ခဲ့သော ၄ နှစ် ကျွန်တော့် အသက် ၁၇ နှစ်တုန်းကပေါ့ဗျာ....

2019 ဖြစ်တာကြောင့် Covid ဖြစ်နေတဲ့ ကာလမှာပေါ့....

ကျွန်တော် အိမ်တွင်းပဲအောင်းနေရတယ်....

"သား ဝဏ္ဏ အောက်ထပ်ကို ဆင်းလာဦးလေ မနက်စာစားရအောင်"

"ဟုတ်အမေ လာပြီ"

"သားကလည်းနော် ကြာလိုက်တာ ဘာတွေလုပ်နေတာတုန်း"

"အခုမှနိုးလို့ပါ မေမေရဲ့"

"အမေ အုန်းနို့ခေါ်ဆွဲပြင်ထားတယ် အိမ်ပြင်မထွက်နဲ့နော် ရောဂါတွေဖြစ်နေတာ"

"ဟုတ်

ကျွန်တော် Covid ကာလ တစ်လျှောက်လုံး အိမ်မှာပဲ နေခဲ့ရတယ်....

အဲ့နေ့မတိုင်ခင်ပေါ့..

"ဟျောင်ဝဏ္ဏ club ခန ဒိုးရအောင်"

"ငါမလိုက်ချင်ပါဘူးကွာ ရောဂါတွေဖြစ်နေတာကို"

"ဘာမှမဖြစ်ဘူး Night out ထွက်တာပဲ မင်းမိဘတွေက ခရီးထွက်သွားတယ်မဟုတ်ဘူးလား ဘာဆိုးတာဖြစ်မှာမို့လို့လဲ"

"မင်းပြောတာနော် ငါတစ်ခုခုဖြစ်ရင် မင်းတာဝန်ယူရမယ်"

ကျွန်တော့်သူငယ်ချင်း လင်းထက် က အတင်းခေါ်လို့ ကျွန်တော်လိုက်သွားခဲ့ရပါတယ်။

အဲ့အချိန် Club ထဲမှာ ကျွန်တော်တို့ သောက်ပြီး မူးနေကြတုန်း အကို တစ်ယောက်က ကျွန်တော်လဲကျခါနီးဖြစ်နေလို့ ကျွန်တော့်ကို နောက်ကနေ ထူပေးခဲ့တယ်။ ပြီးတော့ ဘာမဆိုင် ညာမဆိုင်နဲ့ ကျွန်တော့် နှုတ်ခမ်းကို နမ်းပါတယ်။

One short collection😉Where stories live. Discover now