"မရဘူး"
"ဟာအိုဟျောင်းကလည်း"
"မရဘူးဆိုမရဘူးပဲ"
"တစ်ညအိပ် နှစ်ရက်ပဲလေ"
"မရဘူးဆိုတာကို တရုတ်လိုပါပြောရဦးမလား"
ဘယ်လိုပြောပြော မရတဲ့အဆုံး ဟန်ဘင်းဟျောင်းဘက်ကို ကူပြောပေးဖို့ မျက်နှာငယ်လေးနဲ့ လှည့်ကြည့်လိုက်ပေမယ့် သူတို့ကို ထိုင်ကြည့်နေတဲ့ ဟန်ဘင်းဟျောင်းကပါ မျက်နှာလွှဲသွားတာကြောင့် သူ့မှာ စိတ်ဓာတ်တွေကျသွားသလိုပါ ခံစားလိုက်ရသည်
ဒီအခြေအနေကိုပြောရမယ်ဆိုရင်ဖြင့် သူနဲ့ ယူဂျင်း 8 month anniversary အတွက် ဘူဆန်ကို အတူတူခရီးထွက်ဖို့ကို ယူဂျင်းက ဟာအိုဟျောင်းကို အရင်ပြောကြည့်ပါဆိုလို့ လာပြောနေတာဖြစ်ပြီး ခေါင်းမာတဲ့ ကျန်းဂူရီက သူတို့ကို ဘူးတစ်လုံးခံနေတဲ့အနေအထား
"မင်းတို့သွားရင် ငါလိုက်မှာပဲ"
သူနဲ့ မျက်နှာချင်းဆိုင်က sofa မှာလက်ပိုက်ထိုင်ပြီးပြောလာတဲ့ပုံစံက လုံးဝ အလျော့ပေးမယ့်ပုံမပေါ်။ သူ့ဘေးက ယူဂျင်းကတော့ သူ့ခါးက အင်္ကျီကို ဆွဲလာရင်း တော်ပါပြီဆိုတဲ့ မျက်နှာလေးနဲ့ ခေါင်းခါပြလာပေမယ့် သူကတော့ လက်မလျော့နိုင်ပါ
"ဟျောင်းကလည်း သူများ ရည်းစားတွေ ကြည်ကြည်နူးနူးသွားမှာကို ဘာလိုက်လုပ်မလို့လဲ"
"...."
"ဟန်ဘင်းဟျောင်းနဲ့ ဟျောင်း ဟန်းနီးမွန်းထွက်လို့ ကျွန်တော်လိုက်မယ်ဆိုရင်ရော ကြိုက်လား"
"ဟေ့ ဟေ့ မရပါဘူးနော်"
တစ်ချိန်လုံးဟာအိုဟျောင်းမျက်နှာပဲ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ ဟန်ဘင်းဟျောင်းက ဒီတစ်ခါတော့ မျက်လုံးကြီးပြူးပြီး ကမန်းကတန်းဝင်ပြောလာသည်
"ဒါပဲလေ ကျွန်တော်တို့လည်း အဲ့လိုပဲဟျောင်းရဲ့"
"ယူဂျင်းကို ငါစိတ်မချဘူး"
"ကျွန်တော်တစ်ယောက်လုံးရှိတာပဲလေ ကျွန်တော့်ရည်းစားလေးကို ကျွန်တော်က အထိအခိုက်ခံပါ့မလား"
"...."
"ဟျောင်းမှာလည်း ရည်းစားရှိတာပဲကို ကိုယ်ချင်းစာပေးလေ"