"hello ကိုကို မပြန်လာသေးဘူးလား"
"ကိုကိုစာတမ်းလေးနည်းနည်းပြုစုပြီးရင်ပြန်ခဲ့ပါ့မယ်ဟွန်းငယ်ရဲ့"
"ဟွန်းငယ်ကို နှစ်နဲ့ချီပစ်ထားတာပဲ ကိုကိုမကောင်းဘူး"
"ဟက်~ ဟွန်းငယ်ရယ် ဒုတိယနှစ်တောင်ရောက်နေပြီ နောက်အပတ်ဆိုရင် second semester တောင်တက်ရတော့မှာကို ဖေဖေမေမေတို့မရှိတော့ကတည်းက စောင့်ရှောက်လာရတဲ့ကိုယ့်ညီပုစိလေးကို ကိုကိုလဲလွမ်းတာပေါ့ ပြန်လဲပြန်လာချင်တယ် စာတမ်းတွေပြီးရင် ကိုကိုကပါမောက္ခဖြစ်လာတော့မှာလေ ဟွန်းငယ်ကကိုကို့ကိုအလုပ်အတည်တကျမရှိစေချင်ဘူးလားပြော"
"ဟွန့်..အဲလိုတော့လဲဟုတ်ပါဘူး..ဟွန်းကလွမ်းလို့ကို.."
"ကိုကိုကလဲ တစ်ဦးတည်းသော ကိုယ့်မိသားစုဝင် ဂျစ်တူးလေးကိုအရမ်းအရမ်းလွမ်းနေပါတယ်ဗျာ..
ကိုကိုဖုန်းချလိုက်တော့မယ်နော်ဟွန်းငယ် ကျန်းမာရေးဂရုစိုက်ဦး"
"ဟုတ်ကဲ့"
ကျွန်တော့်တစ်ဦးတည်းသောအစ်ကို ဒါမှမဟုတ် ကျွန်တော်သိပ်ချစ်ရတဲ့ကိုကို။ မုဆိုးမမေမေကဆယ်နှစ်အရွယ်သားတစ်ယောက်နဲ့ရုန်းကန်နေရချိန်
ခြေကုန်လက်ပန်းကျသည်ထင်ပါရဲ့ ဘဝလက်တွဲဖော်အသစ်ကိုရှာခဲ့သည်။ထိုသူကလဲမေမေ့လိုမုဆိုးဖိုပင်။သူ့ထံတွင်ဟွန်းထက်၇နှစ်၈နှစ်လောက်ကြီးသော သားတစ်ဦးရှိသည်။ ကျွန်တော်နားလည်တတ်တဲ့အရွယ်ရောက်နေပြီမို့ ထိုသားအဖကိုနည်းနည်းလေးမှမကြည်ခဲ့ပါ။သို့သော်လည်း တကယ်အတူတူနေထိုင်ကြရတဲ့အခါ ကျွန်တော့်အမြင်တွေကိုပြောင်းလဲသွားစေခဲ့သည်။ထိုသားအဖကတော်တော်လေးနွေးထွေးသည်။မေမေ့အပေါ်ရော ကျွန်တော့်အပေါ်ရောအစစအရာရာလိုလေသေးမရှိဂရုစိုက်ပေးသည်။ထိုသူ...ကျွန်တော့်အစ်ကို ဒါမှမဟုတ် ကျွန်တော်နှင့်သွေးသားမတော်စပ်သူ သူကကျွန်တော့်ကိုအားငယ်တတ်တဲ့ကလေးတစ်ယောက်အဖြစ်ကနေ ပျော်ရွှင်ပြီး ပတ်ဝန်းကျင်ကိုရင်ဆိုင်တတ်တဲ့ကလေးတစ်ယောက်အဖြစ်ပြောင်းလဲပေးခဲ့သည်။ကျွန်တော့်ထံတွင်အားကိုးရာရှိခဲ့သည်။အလင်းမဲ့နေသောကျွန်တော်တို့သားအမိဘဝကိုအလင်းရောင်တွေထင်ဟပ်ခဲ့သည်။သို့သော်ကြာရှည်မခံလိုက်ပါ။ ကျွန်တော်၁၄နှစ်အရွယ်တွင် မေမေရောကိုကို့ဖေဖေရော car accident နှင့်ကွယ်လွန်ခဲ့ကြသည်။ ၂၂နှစ်ဝန်းကျင်အရွယ်ကိုကိုက ၁၄နှစ်သားသာရှိသေးသောကျွန်တော့်ကိုအကောင်းဆုံးကာကွယ်စောင့်ရှောက်ခဲ့သည်။ တစ်ဖန်မှောင်မိုက်သွားသောကျွန်တော့်ဘဝကို တတ်နိုင်သမျှစွမ်းအားတွေနဲ့ ပံ့ပိုးပေးခဲ့သည်။ တက္ကသိုလ် တက်ဆဲပျော်နေရမယ့်အရွယ်မှာ ကိုကိုက ကျွန်တော့်အတွက် အရာရာကိုစွန့်လွှတ်ခဲ့ရသည်။ရနိုင်သမျှအချိန်ပိုင်းအလုပ်များကိုလုပ်သည်။အုပ်ထိန်းသူနေရာမှမားမားမတ်မတ်ရပ်တည်ပေးသည်။ကိုကိုကကျွန်တော့်ဘဝရဲ့အလင်းရောင်လေးပင်။ကိုကို့ရဲ့ဂရုစိုက်မှုတွေက ၁၄နှစ်အရွယ်လူပျိုပေါက်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်တွေကိုအရောင်စွန်းစေခဲ့တာကိုကိုသိပါ့မလား။သွေးမတော်သားမစပ်တဲ့သူစိမ်းတစ်ယောက်ဆီကရတဲ့နွေးထွေးမှုတွေက ကျွန်တော့်ခံစားချက်တွေကိုပြောင်းလဲစေခဲ့သည်။ ကျွန်တော်ကိုကို့ကိုချစ်သည် သိပ်ချစ်သည်။