Sundayမို့ကျောင်းပိတ်သည်။ ဂျွန်မြောင်တစ်ယောက် ဧည့်ခန်းတွင်ထိုင်၍ Tvမှလာသော ပန်းချီပြခန်းများအကြောင်းကို စိတ်ဝင်တစားကြည့်နေသည်။ဆယ်ဟွန်းတစ်ယောက်အခုမှအိပ်ယာကထွက်လာသည်။ ခန္ဓာကိုယ်မှစောင်ကိုခွာမချဘဲ ဒီအတိုင်းပတ်ကာ ဧည့်ခန်းသို့ဆင်းလာသည်။ ပြီးနောက် တင်ပုလင်ခွေထိုင်နေသောဂျွန်မြောင့်ပေါင်ပေါ်သို့အိပ်ချလိုက်သည်။ ဂျွန်မြောင်လဲTvဘက်စိတ်ရောက်နေတော့ဟွန်းငယ်ဆင်းလာသည်ကိုမသိလိုက်။ပေါင်ပေါ်လာအိပ်ချမှသတိထားမိတော့သည်။
"ဟွန်း မျက်နှာရောသစ်ပြီးပြီလား"
"ဟင့်အင်း..."
"အိပ်ယာထရင်မျက်နှာအရင်သစ်ရမယ်လို့ကိုကိုမှာထားတယ်လေ"
"ကိုကိုသစ်ပေး"
"ဟက်~ဟွန်းက ကလေးလေးလား"
"ကိုကိုနဲ့ဆိုကလေးလေးပဲ"
"ကဲဗျာ ဒါဆိုလဲထ ကိုကိုသစ်ပေးမယ်"
ထိုအခါမှ မျက်လုံးများမှိတ်ကျသည်အထိပြုံးပြီး ထသည်။ ဂျွန်မြောင်လဲ ဆိုဖာပေါ်မှစောင်ကိုခေါက်ရင်း ဆယ်ဟွန်းလက်ကိုဆွဲကာအပေါ်ထပ်ရေချိုးခန်းကိုပြန်တက်ခဲ့ရသည်။
ခပ်အုပ်အုပ်ဖြစ်နေသောအညိုဖျော့ရောင်ဆံပင်များကို ဘီးကုပ်နှင့်သိမ်းပြီး ကြည်ကြည်လင်လင် မျက်နှာလေးကို မျက်နှာသစ်ဆေးနှင့်သေချာသစ်ပေးသည်။ ဒီဂျစ်တူးလေးကိုအစစအရာရာလိုက်လုပ်ပေးရတာက ကိုယ့်အတွက်ပျော်ရွှင်မှုတစ်ခုလိုပင်။
"ဘာလိုလိုနဲ့ကိုယ့်ပုစိလေးတောင်၂၁ပြည့်တော့မှာပေါ့"
"ကိုကိုကဟွန်းငယ်မွေးနေ့ကိုမှတ်မိတယ်ပေါ့လေ"
"ကိုယ့်တစ်ဦးတည်းသောမိသားစုဝင်လေးမွေးနေ့ကို ကိုကိုမမှတ်မိစရာလား၊
ဟွန်းငယ်ဘာလိုချင်လဲကိုကို့ကိုပြော""မွေးနေ့ကြရင်အနားမှာရှိပေး"
"ဒါပဲလား"
"အွန်း ရှိပေးမယ်လို့ကတိပေးမှာလား"
"ပေးမှာပေါ့ ကတိ ကတိ"
ဂျွန်မြောင်လဲဟွန်းငယ်နှင့်လက်သန်းချင်းချိတ်ကာကတိပေးခဲ့ကြသည်။သပတ်ခါ
အဂ်ါနေ့ကြရင်ဟွန်းငယ် မွေးနေ့ကရောက်ပြီလေ။