Unicode
တရုတ်နိုင်ငံ၏အဓိကအချက်အချာနေရာဖြစ်သည့် မြို့လယ်ခေါင်တည့်တည့်တွင်ရှိသော ပေကျင်းမြို့၏အကြီးမားဆုံးကလပ်တစ်ခု။ ဒုစရိုက်လုပ်ငန်းမှန်သမျှ တစ်စုတစ်စည်းထဲစုဝေးလျှက်ရှိသောနေရာ တစ်နည်းအားဖြင့် ငွေရှိရင်ဘာမဆိုရနိုင်တဲ့ဤနေရာ။ လောကကြီးကိုခဏတာမေ့သွားအောင်လုပ်နိုင်စွမ်းရှိတဲ့ ဘိန်းဖြူလား၊ ပျော်နေတဲ့အချိန်သုံးမိရင် ပိုပျော်လာသလို ဝမ်းနည်းတဲ့အချိန်ပိုပြီးဝမ်းနည်းလာအောင်လုပ်နိုင်စွမ်းရှိတဲ့ weed လား၊ ကောင်းကင်ဘုံကိုရောက်သွားစေတဲ့ ခံစားချက်တွေပေးတဲ့အမှုန့်လေးတွေလား အကုန်ရတယ်။ အဖော်မဲ့နေလား၊ one night stand ရှာချင်တာလား ဒီနေရာမှာရှာနိုင်တယ်။
လက်ညှိုးတစ်ချက်ကွေးရုံနဲ့ လူတစ်ယောက်ကိုနှုတ်ပိတ်နိုင်တဲ့ ကျည်သေနတ်တွေ၊ လက်တိုလက်ရှည်စသည့် အစိုးရနဲ့မလွတ်ကင်းတဲ့ လက်နက်တွေ လွယ်လွယ်ကူကူ အရောင်းအဝယ်လုပ်လို့ရတဲ့ ဤနေရာ၊ ကာစီနိုဝိုင်းတွေ၊ လောင်းကစားဝိုင်းတွေ အပြည့်ရှိတဲ့ဒီလိုနေရာမှာ မသမာမှုဆိုသည်မှာလည်း လေထုထဲတောင်အပြည့်အနှက်။ မြေအောက်လောကသားတွေအများဆုံး ကျင်လည်ကျက်စားကြတဲ့ ဤနေရာမှာ ရန်ငြှိုးရန်စအငွေ့အသက်ဟူသည် မည်မျှများကြောင်းဖော်ပြနေစရာပင်မလို။
ဤနေရာကိုအစိုးရသည့်လူဟာ ရာဇဝတ်မှုမျိုးစုံကိုကျူးလွန်လို့ရသည့် ဒီလိုအဆောက်အဦးအား မြို့လယ်ခေါင်တည့်တည့်တွင် တည်ဆောက်ခဲ့သည်မှာ အထက်အစိုးအရကိုကြောက်လန့်ခြင်းတစိုးတစိတောင်မရှိသည့်ဟန်။ ဒုစရိုက်လုပ်ငန်းများကျူးလွန်ဖို့အားပေးသည့် ဇီဝိန်ချုပ်စေမည့် လက်နက်မျိုးစုံကို ပြောင်ပြောင်တင်းတင်းအရောင်းအဝယ်လုပ်နေသည်မှာ ဤလူဟာအစိုးရအဖွဲ့အစည်း၏မည်သည့်ခြိမ်းခြောက်မှုကိုမျှ မမှုသည့်ဟန်ဖြင့် ရဲတင်းစွာ။
ထိုသို့ရဲတင်းစွာပြုမှုနိုင်ခြင်းမှာ နောက်ကွယ်တွင်ထောက်ပံ့ပေးထားသည့် အကောင်ကြီးကြီးတစ်ကောင်ရှိနေသည်ဟု ဆိုလိုနိုင်၏။ ကလပ်၏ပထမထပ်တွင် သာမာန်ကလပ်များကဲ့သို့ အလွှာပေါင်းစုံမှလူတန်းစားမျိုးစုံရောနှောလျှက်ရှိပြီး မြူးကြွသည့်တီးလုံးသံသည် ဆူညံစွာထွက်ပေါ်နေသည့်အပြင် အရက်ဘားကိုပါထည့်သွင်းထားသည်မှာ ဤနေရာအားအစိုးရသူ၏ စီးပွားရေးသမားတစ်ဦးတွင်ရှိသင့်သော အရည်အချင်းတစ်ခုအား ကျွမ်းကျင်လိမ်မာစွာတက်မြောက်ထားကြောင်း ဖော်ပြနေဟန်ရှိ၏။
YOU ARE READING
Love In The Midst Of Conflict
Actionyizhan fanfiction ဖြစ်ပါသည်။အရေးအသားများကိုကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။စာရေးသူအား respect ထားသောအားဖြင့် ကူညီပါ။