Jungmin: ဗိုက်ဆာတယ်လို့....!!
Jingoo:ဟ!! ငါကပိုဆာတာပါဆို!!!
Jungmin:ငါ့ဗိုက်ကအော်တောင်အော်နေပြီ...!
Yeonji: နှစ်ကောင်လုံး တိတ်ကြစမ်း!! ငါကပိုဆာတာ...ညက ကောက်ညှင်းငချိတ်နှစ်ပွဲပဲစားထားရတာငါက မင်းတို့က ၃ပွဲတောင် စားထားတာ
Somin:အ့တာဆို ငါ့ကိုလဲ အားနာကြဦးလေကွာ...ငါကတစ်ပွဲပဲစားရတာလေ ငနာတွေရဲ့.!!
Guyose:အေးပါကွာ အေးပါကွာ တစ်ဝက်ပဲ စားရတဲ့ငါက ဘာပြောလဲကွာ...
ကလေးများလို မနက်စာအရင်စားရရေးလုနေကြတဲ့ ကိုရီးယားသားလေးတွေကို အဒေါ်ကြီးနှစ်ယောက်က ကြည့်ပြီးရယ်နေရယ်ခဲ့ကြပါတယ်...။
မနက်စာတွေကို အသီးသီး တည်ခင်းပေးလိုက်တဲ့အခါ အားရပါးရ ပလုပ်ပလောင်းစားနေကြတဲ့ သူငယ်ချင်း ငါးဖော်က ဖြူစင်တဲ့ ကလေးလေးတွေပါပဲ။
Yeonji: မြန်မြန်လာကြ! ငါလျှောက်သွားချင်နေပြီ....
မနက်စာ စားပြီးတဲ့အခါ
ယွစိယွစိနဲ့အပြင်သွားရန်စိတ်အားထက်သန်နေသော Yeonjiကို Sominက မျက်စောင်းလှမ်းထိုးလိုက်သည်။
လက်ထဲမှာ မုန့်နှစ်ဖက်ကိုကိုင်ကာ ကားကား ကားကား လျှောက်လာတဲ့ Jungminကိုတော့
Jingooက စိတ်ပျက်သလိုအကြည့်နဲ့သာ ကြည့်နေခဲ့တယ်။Guyose: ငါ့ကောင်တို့...ငါတို့ အပြင်မသွားသေးဘဲ ဟိုကို အရင်သွားရအောင်....
Guyoseညွှန်ပြတဲ့နေရာဟာ Guyoseရဲ့ စိတ်အစဥ်ကို ရောက်ကတည်းက လွှမ်းမိုးထားတဲ့ မြက်ခင်းပြင်ကျယ်...
Guyose ညွှန်ပြတဲ့နေရာကို Yeonjiကလွဲလို့ အကုန်လုံး ညိမ်ညိမ်လေး ငေးကြည့်နေကြတယ်...
Yeonjiကတော့...
Yeonji: မင်းကလဲကွာ...ကိုယ့်အိမ်ထဲကနေရာပဲ ဘယ်အချိန်သွားသွားရပါတယ်ကွ!
ငါအပြင်တအားလည်ချင်နေပြီကွ!! အပြင်အရင်သွားရအောင်ကွာ...ပြန်လာမှ အ့ဘက်ကို သွားကြည့်ကြမယ်...Jigoo:အေးလေ...အပြန်ကျမှ အ့ဘက်သွား
ကြမယ်...Guyoseလဲ Yeonjiနဲ့ Jigooပြောတာကို လက်ခံလိုက်ပြီး ကားလေးကအပြင်ဘက်ကို မောင်းထွက်သွားခဲ့တယ်....။