Chapter:38
"အရေးပေါ်အစီအစဉ်များအားလုံးကို ချက်ချင်းစတင်ပါ။ အဆိုးဆုံးရလဒ်ဖြစ်သည့် စစ်ရေးပဋိပက္ခကို ရှောင်ရှားဖို့ ကြိုးစားရမယ်။ဒါပေမဲ့ ကျွန်တော်တို့လည်း ကြိုတင်ပြင်ဆင်ထားသင့်ယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ပြဿနာတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်"
လန်ယဲ့ကျင်းက သူတို့ပြောတာကို မျက်မှောင်ကြုတ်လျက် နားထောင်ကာ ပြီးမှ ထွက်သွားခဲ့သည် ။
ဧည့်ခန်းထဲတွင် ထုန်လုက အလွန်တရာထိတ်လန့်နေခဲ့၏။
ယခုအချိန်၌ ဝန်ကြီးချုပ်က စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ကြားရပါတယ်။
'ငါ အခု ဘာလုပ်ရမလဲ။ ငါ့မှာ အပြစ်မရှိဘူးဆိုတာကို သက်သေပြဖို့ ပြောစရာတွေ မရှိတော့ဘူး'
ဗိုက်ဆာလွန်းလို့ ထုန်လုရဲ့ဗိုက်တွေ တဆတ်ဆတ်တုန်နေခဲ့တယ်။ နေ့လည်စာ လွတ်သွားတဲ့အပြင် ညစာလည်း မစားရသေးပေ။ မထိန်းနိုင်စွာ တံတွေးတံချက်မျိုချလိုက်ရင်း ဧည့်ခန်းထဲမှ စောင့်ကြည့်နေသော လူတွေကို တစ်ချက် ခိုးကြည့်လိုက်တယ်။
'သူတို့ကို ညစာ တောင်းလို့ရပါ့မလား။'
ဟုတ်ပါတယ် ညစာစားရဖို့ မျှော်လင့်ချက်က အရမ်းနည်းတယ်....ညနေ ဆယ့်တစ်နာရီ ထိုးနေပြီဖြစ်၍ အိမ်ပြန်မလာလျှင် ရှန်းရှန်က ကျိန်းသေပေါက် ဝုန်းဒိုင်းကြဲနေမှာ သေချာသည် ။မတ်လေးက သူ့ကို စိတ်တည်ငြိမ်အောင် ချော့နိုင်မယ်လို့ မျှော်လင့်ရတာပေါ့။
'မတ်လေးကရော ငါ့ကိုစိတ်ပူမှာလား။'
အကြောင်းတစ်ခုခုကြောင့် သူမသည် သူ့အပေါ် ဖော်မပြနိုင်သော ခံစားချက်တစ်ခုနဲ့
မျှော်လင့်ချက်ထားရှ်ိခဲ့မိသည်။ သူ့ကို အကူအညီတောင်းချင်ပေမယ့် ဒုက္ခဖြစ်စေမှာကိုလည်း စိုးရိမ်နေမိ၏။ ယခုတွင် သူမ၏စိတ်သည် တင်းမာပြီး မသက်မသာ ခံစားနေရသည်။ သူမလုပ်နိုင်ဆိုလို့ သန်မာပြီး ခိုင်ခံ့နေရန်သာဖြစ်ပါတယ်။******
လန်ယဲ့ကျင်းသည် သူ့အတွက်သီးသန့်ထားရှိသော VIP ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ အတွင်းရေးမှူးယွီက စိုးရိမ်တကြီးနဲ့ စောင့်နေတယ်။