ဒီနေ့ရဲ့ရာသီဥတုအတော်လေးကိုသာယာပြီး ဂျုံဆောင်းနဲ့ဂျောင်ဝန်းကကျောင်းဝန်းထဲမှာရှိတဲ့ အရိပ်ရတဲ့အပင်တစ်ပင်အောက်မှာအတူထိုင်နေကြသည်။ ခံစားချက်ကောင်းမွန်စရာနေ့လေးလို့ထင်ရပေမယ့် ဂျောင်ဝန်းအတွက်တော့အဲ့လိုမဟုတ်ပုံရ၏။နားကြပ်တပ်ထားရင် အဝေးကိုငေးနေတဲ့ ဂျောင်ဝန်းရဲ့မျက်နှာလေးက မျက်မှောင်ခပ်ပါးပါးလေးကျုံ့ထားတာကိုသေချာကြည့်ရင်တောင်မသိသာပေမယ့် ဂျုံဆောင်းကတော့သိပါသည်။
ဂျောင်ဝန်းနဲ့သူနဲ့က ဖင်တုံးလုံးနဲ့လျှောက်ပြေးတဲ့ အရွယ်တည်းကအတူရှိခဲ့ကြတာမဟုတ်လား။
"ဂျောင်ဝန်း...ဂျောင်ဝန်းရေ..."
ဂျုံဆောင်းရဲ့အသံညှင်းညှင်းလေးနဲ့ခေါ်သံကိုနားကြပ်တပ်ထားတဲ့ဂျောင်ဝန်းကသေချာပေါက်ကိုမကြားပါဘူး။
သူထပ်ပြီးခေါ်ဖို့လုပ်လိုက်ပေမယ့် ကံဆိုးစွာပဲ ဂျုံဆောင်းရဲ့လက်ရှိရည်းစား ဂင်ဟွာယောင်းကရောက်လာသည်။ သူသက်ပြင်းခပ်ကြိတ်ကြိတ်ချပြီး စိတ်ထဲကနေသာအဲ့ကလေးမကိုမေတ္တာပို့နေမိတော့သည်။
ဟွာယောင်းရောက်လာရင်သူနဲ့ဂျောင်ဝန်းဘာစကားမှပြောလို့ရမည်မဟုတ်ပါ။ ဟွာယောင်းရဲ့ဟုတ်တာတွေရော မဟုတ်တာတွေရော ပေါက်ပန်းလေးဆယ်ရောက်တတ်ရာရာမှန်သမျှကို နားစည်ကွဲမတတ်နားထောင်ရသည်။
ဂျုံဆောင်းကဘာလို့သူ(မ)နဲ့တွဲခဲ့မိမှန်းတွေးကြည့်ရင်တောင်အဖြေမပေါ်တော့ဘူး။ ဒါပေမယ့်ဟွာယောင်းနဲ့ပြတ်ဖို့ အစီစဉ်လည်းမရှိသေးပါဘူး။ ဒါကသူ့ရဲ့ဂျောင်ဝန်းမသိအောင်ဖုံးထားနိုင်ခြင်းတွေထဲကတစ်ခုဖြစ်နေတာလေ။
ဟွာယောင်းနဲ့လမ်းခွဲဖြစ်ခဲ့ရင်လည်းသူကတစ်ခြားသောလူတွေနဲ့ဆက်တွဲရဦးမှာပဲ။
ဂင်ဟွာယောင်းကိုလည်းမချစ်သလို အရင်ကရည်းစားဟောင်းတွေကိုလည်းမချစ်ပါဘူး။ အဲ့တာကြောင့်ဘယ်သူနဲ့မှလည်းskin shipမရှိရအောင်တတ်နိုင်သမျှရှောင်သည်။ အရင်ရည်းစားဟောင်းတွေနဲ့လည်းအဲ့ကိစ္စတွေကြောင့်ပဲ လမ်းခွဲခဲ့ရတာဖြစ်သည်။ ဟွာယောင်းကတော့စကားများတာကလွဲရင်အဲ့လိုအရာတွေခေါင်းထဲသိပ်ရှိပုံမရတဲ့သူမို့အဆင်ပြေသည်။