( Zawgyi )
ဆောချန်းဘင်းကသူ့အိမ်နဲ့ဘာပြသာနာဖြစ်လဲတော့မသိမနက်စောစောစီးစီး အိမ်ပေါ်ရောက်ချလာပြီးသောင်တင်နေတာမို့မောင်းချလို့ကလည်းမရ ကိုယ်တော်ချောကမျက်နှာကလည်းဆူပုတ်လို့
"ဘယ်အချိန်ထိနေမှာလဲ"
"ဘာလဲ တစ်ခါတစ်လေလာလည်တဲ့သူငယ်ချင်းလေးကို
မောင်းချချင်နေပြီလား""အဲ့တော့ ဘာလဲ ဘယ်အချိန်ထိနေမှာလဲလို့"
"အိမ်ကဖုန်းခေါ်မှ"
မင်ဟိုခေါင်းတွင်တွင်ခါလိုက်သည် ဘယ်လိုတောင်လဲနော်
သူ့အိမ်ကဖုန်းဆက်လာဖို့ဘဲ စောင့်မျှော်ရတော့တယ်"မင်းမပျင်းဘူးလား"
"ပျင်းတော့ မင်းကပြမလို့လား"
"မင်းဟာလေ အကောင်းကိုပြောမရ"
အီမင်ဟိုက နဂိုထဲကအကန်သမားမို့လို့ ချန်းဘင်းသွားမစ
ချင်တော့"ဆွန်းမင်းရော သူ့အိမ်မှာရှိလား"
"ဘယ်သိမှာလဲ မင်းကဘာလုပ်မလို့လဲ"
"မင်းကဆူပုတ်နေတော့ ဆွန်းမင်းအိမ်သွားမလို့လေ"
"မင်းတောင်ကန်တောင်ချဦးမယ် အေးဆေးနေစမ်းပါ"
ဒါပေမဲ့လည်း ဆောချန်းဘင်းကဒီတိုင်းတော့မနေနိုင်ပေါင်
ဂင်မ်ဆွန်းမင်းကို ဒီကိုခေါ်မှရမယ် မဟုတ်ရင်သူပျင်းနေပြီ
ဆွန်းမင်းကိုခေါ်ပြီး မင်ဟိုနဲ့ရန်ဖြစ်ခိုင်းရမယ် အဲ့တာဆို
အပျင်းပြေနိုင်တယ်"ဆွန်းမင်း ဒီကိုလာခဲ့ပါလား မင်ဟိုအိမ်ကို"
ဖုန်းခေါ်ပြီး ပြန်ချလိုက်တော့ မင်ဟိုက မျက်စောင်းထိုးပြီး
ကြည့်လာသည်။"ဘာလုပ်ဖို့ ခေါ်တာလဲ"
"မင်းနဲ့ကပျင်းဖို့ကောင်းတယ် ဆွန်းမင်းလာရင်ကစားရအောင်လေနော်"
"ဘာလဲ လင်မယားလုပ်တမ်းလား"
"ဒီလူနဲ့တော့ လင်မယားလုပ်တမ်းက မင်းတို့ကစားပြီးပြီမဟုတ်လား"
မင်ဟိုဘာမှဆက်မပြောဘဲ ကွန်ပျူတာဆီကိုသာစိတ်ပြန်ပို့
လိုက်သည် ကွန်ပျူတာဂိမ်းတွေက ဆောချန်းဘင်းထက်စိတ်
ဝင်စားဖို့ကောင်းတယ်
YOU ARE READING
The way you beside me
Fanfic{ Unicode + Zawgyi } "You know that love can't be expressed in words,right" If you say you stay I'm the one who should stay သာသာရဲ့ SKZ fic ကိုပထမဆုံး try ခြင်းပါ 2min လေးနဲ့ဖွင့်ပါတယ် အမှားပါသွားရင်လည်း ကြိုတောင်းပန်ပါတယ်