အခန်း (၅၇)

767 80 4
                                    

Unicode
.
.
ရွှယ်ဝူရီသည် ကျိုက်ကော်မှ ယဲ့ကျင့်သို့ သွားနေသော သံတမန်များကို ကြားဖြတ်တားဆီးရန် မလိုအပ်သည်မှာ အမှန်ပင်။ အကြောင်းအရင်းမှာ အန်းချန်ချင်း၏လုံခြုံရေးကို ပိုမိုဂရုစိုက်သော အခြားတစ်ယောက် ရှိနေသောကြောင့်ပင်။

ရှီဝေ့အင်ပါယာ၏ လျှို့ဝှက်ရတနာသည် အန်းချန်ချင်းနှင့်ဆင်တူသော ပန်းချီကားထဲတွင် ရှိနေသည်။ ဧကရာဇ်အန်းချင်းက စိတ်ဝင်စားသည် ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ ထိုသတင်းကို ကြားသိသူတိုင်းက အန်းချန်ချင်းကို ထိန်းချုပ်လိုကြပေလိမ့်မည်။

အကယ်၍ ရှောင်ကျစ်ကောက ရွှယ်ဝူရီ၏စာကို အပြည့်အဝ မယုံကြည်ခဲ့လျှင်လည်း ကိစ္စမရှိချေ။ ရှီဝေ့မှ သံတမန်များ ယဲ့ကျင့်သို့ အသက်ရှင်လျက် မရောက်စေရန် သူ့မှာ လုပ်ဆောင်နိုင်စွမ်း ရှိပါသေးသည်။

ထို့ကြောင့် ရှောင်ကျစ်ကောအား ထိုသတင်းအချက်အလက်ကို ကမ်းလှမ်းလိုက်ခြင်း အားဖြင့် ၎င်းသည် သူ့အတွက် ကြီးလေးသောပြဿနာကို ဖြေရှင်းပေးရုံသာမက မြောက်ပိုင်းစစ်ဘုရင်၏ ကောင်းမွန်သော ဘက်ခြမ်းကိုလည်း ရောက်ရှိစေဦးမည်။

ထို့အပြင် ရွှယ်ဝူရီ၏ဆုံးဖြတ်ချက်သည် လုံးဝမှန်ပေသည်။ ရှောင်ကျစ်ကောသည် အန်းချန်ချင်း၏ လုံခြုံရေးအတွက် မည်သူ့ကိုမှ၊ မည်သည့်အခါမျှ သည်းခံလိမ့်မည် မဟုတ်ပေ။

***
ရွှယ်ဝူရီ၏အစေခံသည် ပုံတူနှင့်အတူ စာတစ်စောင်ကို ကိုင်ဆောင်လျက် ရောက်ရှိလာခဲ့သည်။

ပန်းချီကားထဲမှလူသည် အန်းချန်ချင်းနှင့် အမှန်ပင် ဆင်တူသည်ဟု အစေခံက သူ့အား ပြောလာခဲ့သော်လည်း ပန်းချီကားထဲမှ လူသည် အန်းချန်ချင်း မဟုတ်ဆိုသည်ကို ရှောင်ကျစ်ကော သေချာပြောနိုင်သည်။

ပန်းချီကားထဲမှ လူ၏မျက်လုံးများသည် ရှည်လျားကျဉ်းမြောင်းပြီး ပါးလွှာသောနှုတ်ခမ်း ရှိသည်။ ၎င်းက သူ့ကို အေးစက်စက်နှင့် ခပ်တန်းတန်းပုံ ပေါ်စေသည်။ သူ၏ ဘယ်ဘက်မျက်လုံးအောက်ရှိ မှဲ့သည်ပင် သူ၏ တသီးတခြားဖြစ်တည်မှုကို မလျော့ပါးစေပေ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now