S2 အပိုင်း ၂၃
ဟာအိုအရင်ကလောက်မလန်းတော့တာသိသိသာသာပါပဲ။အကြောင်းအရင်းကိုသိနေတာမို့ သူဟာအိုကိုမေးနေစရာမလိုပါဘူး။ဟာအိုလည်း အရင်ကထက်ဆိုင်ကိုစောသွားပြီး ပြန်လာရင်လည်းနောက်ကျပြန်သေးတယ်။သူတို့စကားတွေလိုအပ်တာထက်အများကြီးပြောမိရင် အဲ့ဒီအကြောင်းတွေပါလာပြီး နောက်ဆုံးမျက်ရည်တွေနဲ့ပဲအဆုံးသတ်ရမှာစိုးတာနဲ့မပြောမိအောင်နေခဲ့ကြတယ်။
ဟာအိုရဲ့ရီသံလေးတွေနဲ့ဆူညံနေခဲ့တဲ့သူတို့ရဲ့အိမ်ကအခုတော့ လူရှိမရှိတောင်မသေချာအောင်တိတ်ဆိတ်လွန်းလှတယ်။အရင်ကဆို သူ့ကိုပစ္စည်းတွေယူပြီးနေရာတကျပြန်မထားလို့ ငေါက်ငမ်းဆုံးမရတာနဲ့ သူဟင်းချက်ထားတာကိုအပြင်မှာစားလာခဲ့ရင်စိတ်ကောက်ရတာနဲ့ အခုတော့အတူတူစားဖြစ်ရင်တောင်မှဟာအိုဆီက ခံစားချက်တွေပျောက်နေသလိုပါပဲ...
"ဟာအို...သိပ်မစားဘူး...''
Pastaကိုခရင်းနဲ့သာအကြိမ်ကြိမ်ရစ်ပတ်နေတာ ပါးစပ်ထဲအထိတော့မရောက်ရှာဘူး...
"စားပါတယ်...ဟန်ဘင်းအားမရလို့နေမှာပါ...''
"ဟာအိုနေမကောင်းထပ်ဖြစ်နေမယ်...''
ဟာအိုခေါင်းကိုအသာအယာငြိမ့်ပြရင်းက...
"ကိုယ်ဂရုစိုက်ပါ့မယ်...''
သူတို့နှစ်ယောက်ကြားကပြောချင်တာပြောမထွက်နိုင်တဲ့ဒီလိုအခြေအနေကြီးကရုန်းထွက်ချင်ပါတယ်...ဟာအိုစိတ်အပြောင်းအလဲဖြစ်အောင်သူအပြင်ခေါ်ထုတ်သွားလိုက်ရမလား...
"ဟာအိုအပြင်သွားချင်လား...''
ဟာအိုသူ့ကိုကြည့်လာကာ...
"ဟန်ဘင်းသွားချင်ရင်...သွားကြတာပေါ့''
သူ့အလိုကိုလိုက်ဖို့ပဲစဉ်းစားထားပုံရပါတယ်...သူဟာအိုလက်ကိုဆွဲကာ အပြင်ကိုအမြန်ထွက်လိုက်တော့တယ်...ကားပေါ်ရောက်မှဘယ်ကိုခေါ်သွားရမလဲစဉ်းစားမိတော့ ဆူညံတဲ့နေရာတွေဆိုဟာအိုစိတ်အနှောက်အယှက်ဖြစ်နေမှာစိုးလို့ ချယ်ရီပင်တွေအများကြီးရှိတဲ့လမ်းလေးတစ်ခုကိုခေါ်လာခဲ့တယ်...ချယ်ရီပင်တွေအောက်မှာ ဟာအိုလက်ကလေးကိုဆုတ်ကိုင်ရင်းလမ်းလျှောက်ဖြစ်ရင်းက...