"မောင်!"
"ဟက်! ဘယ်လိုခေါ်လိုက်တာ ခေါ်ရဲတဲ့ပါးစပ်ကိုတော့ ချီးကျူးတယ်နော်"
"Rue...."
Rue ခုဘာပြောရမှန်းလဲမသိသလို ဘာလုပ်ရမှန်းလဲမသိပါ။ဒီတိုင်း ရပ်ကြည့်နေမိပြီး မျက်ရည်တွေသာဝဲလာခဲ့တယ်။
"မျက်ရည်လေးစမ်းတမ်းစမ်းတမ်း လုပ်ပြဦးမလို့လား"
"ပါးပါး ငိုနေတာလား!"
"ပါးပါးမငိုဘူးနော်သား သွား ကားထဲသွားနေနော် ပါးပါး လိုက်ခဲ့မယ် သွားနော် သားလေးကလိမ္မာပါတယ်"
"ဟုတ်ကဲ့ ပါးပါး"
လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြေးသွားတဲ့ ထိပ်ထိပ်လေးကိုအရင်ကားထဲရောက်မရောက်လှမ်းကြည့်နေလိုက်တယ်။ကလေးကားထဲ ရောက်ပြီဆိုမှ မောင်နဲ့စကားပြောမလို့ လုပ်လိုက်တယ်။
"မောင်...ငါ"
"မင်းတော်တော်အရှက်မရှိတာပဲ ယောက်ျားကြီးငုတ်တုတ်ရှိနေတာတောင် ငါ့ကိုမောင် တဲ့"
"မောင်.....အာ....နေသစ် Rue တောင်းပန်ပါတယ်နော်"
"တော်စမ်းပါ ငါကြိုပြီးသတိလာပေးတာ မင်းဘေးကသူတွေကိုသေချာစောင့်ရှောက်ထား မင်းကိုတနုတ်နုတ်ခံစားစေချင်လို့ မင်းဘေးကသူတွေကိုအရင် တစ်ယောက်ချင်းဆွဲထုတ်ပေးမှာ။"
"နေသစ် ငါတောင်းပန်ပါတယ် အဲ့လိုမလုပ်ပါနဲ့"
"မထိနဲ့"
"အာ့"
နေသစ်ကိုတောင်းပန်ချင်လို့ လက်ကိုဆွဲလိုက်ပေမယ့် ဆောင့်ဖယ်ပြီးလူကိုပါတွန်းချလိုက်တာကြောင့်လမ်းမပေါ်မှာလဲကျသွားတယ်။
ဘေးကလူအချို့ကလည်းကွက်ကြည့်ကွက်ကြည့်ဖြစ်နေကြပြီ။"အော် ဒါနဲ့ မင်းရဲ့ချစ်လှစွာသောယောက်ျားကိုလည်း သတင်းလေးဘာလေးလှမ်းမေးလိုက်ဦး အသက်ရှိသေးရဲ့လားတောင်မသေချာဘူး"
"ဘာ! သုတ!"
ပြောပြီးတာနဲ့ သူ့ကားထဲသူဝင်သွားပြီး မောင်းထွက်သွားတဲ့နေသစ်ကိုကြည့်နေရုံမှတစ်ပါး ဘာမှမတက်နိုင်ခဲ့ဘူး။
"သခင်လေး အဆင်ပြေရဲ့လား"
ကားထဲကဒါရိုက်ဘာက ထွက်လာပြီးလာထူပေးမှပဲ ကိုယ်လည်းအသိဝင်လာခဲ့တယ်။