Just You

621 68 1
                                    

Recommend song-The way I loved you

-2028

ညနေ၅နာရီတွင်အလုပ်များလက်စသတ်ကာ ဂျောင်ဝန်းရုံးဆင်းခဲ့သည်။ သူ့ရုံးခန်းကသုံးလွှာမှာရှိတာကြောင့် ဓာတ်လှေကားဆီလျှောက်သွားတဲ့လမ်းတစ်လျှောက် သူ့လက်အောက်ငယ်သားတွေက သူ့ကိုပြုံးပြနှုတ်ဆက်ကြသည်။

''ဂျောင်ဝန်း ခဏစောင့်ဦးအတူဆင်းရအောင်''
ဟုဆိုကာ ဆောနူကဝရုန်းသုံးကားဖြင့် ပြေးလာသည်။ အနားရောက်တော့

''တယ်လှလို့ပါလား ဘာလဲဟီဆွန်းဟျောင်းနဲ့ချိန်းထားလို့လား'' ဆိုပြီးလက်ကိုချိတ်ကာမေးလေသည်။

''အင်း ဟုတ်တယ် ဒီနေ့တစ်နှစ်ပြည့်လေ ညစာအတူစားမလို့တဲ့ အဲ့ဒါကြောင့်ဒီနေ့တောင် ငါ့ကားထားခဲ့ရတယ်'' 

ဂျောင်ဝန်းရဲ့အသံက ကန်ရေပြင်လိုတစ်ပြေးတည်းသာ။ စိတ်လှုပ်ရှားပျော်မြူးခြင်းများသူ့အသံထဲတွင်ရှာဖွေပါက သလင်းပြင်သာမြင်ရလိမ့်မည်။

''အိုက်ရား အေးစက်လိုက်တာယန်းဂျောင်ဝန်းရဲ့ ကိုယ့်အယ်လ်ဖာနဲ့ဒိတ်ကိုနည်းနည်းတော့ရွှင်ပြနေဦးမှပေါ့ ဟီဆွန်းဟျောင်းကဘယ်လောက်တောင်ကောင်းလိုက်သလဲ ဒီရုံးမှာမင်းကိုအားကျနေကြတဲ့အိုမီဂါတွေဒုနဲ့ဒေးပဲ သိရဲ့လား မင်းကွယ်ရာမှာဆို ဌာနမှူးယန်းကိုအားကျလိုက်တာ သိပ်ကံကောင်းတာပဲဆိုတဲ့အသံတွေဌာနမတူတာတောင်မကြားချင်မှအဆုံးပဲ"

''ကံကောင်းတာပဲ''တဲ့ သူတို့ကတကယ်အဲ့လိုထင်တာလား။ အဲ့ဒီစကားလုံးကခေါင်းထဲအတော်လေးနစ်ဝင်သွားတာမို့ ဆောနူကိုစကားတုန့်ပြန်ဖို့ပင်စက္ကန့်အနည်းငယ်အချိန်ယူလိုက်ရသည်။ ထို့နောက် ရယ်သံလေးတစ်ခုထုတ်လွှင့်ကာ

"အင်း ဟုတ်တာပေါ့ ငါကကံကောင်းတယ်နော်"

ဆိုပြီးရယ်ရယ်ပြုံးပြုံးသာပြန်ပြောနေပေမယ့် သူ့မျက်လုံးထဲမှာအဲ့အပြုံးတွေကထင်ဟပ်နေခြင်းမရှိခဲ့ပါ။ ပြန်လည်တိတ်ဆိတ်သွားတဲ့လေထုကိုဒီတိုင်းထားရင်းသာ သူတို့အတူဆင်းလာခဲ့ကြသည်။

ဆောနူနဲ့သူကအထက်တန်းတည်းကအတူရှိလာခဲ့ကြတာဖြစ်သည်။ တက္ကသိုလ်မှာသူကစီးပွားစီမံမေဂျာယူခဲ့ပြီး ဆောနူကဒီဇိုင်းပိုင်းမေဂျာယူခဲ့တာမို့ သိပ်မတွေ့ဖြစ်ပေမယ့် စိမ်းသက်သွားခြင်းမရှိပါ။ မေဂျာနှစ်ခုမှအိုမီဂါလှလှလေးများဖြစ်တာမို့ သူတို့နှစ်ယောက်အတူရှိချိန်ဆို အယ်လ်ဖာတွေရဲ့ကြည့်ခြင်းသာမက အိုမီဂါနဲ့ဘီတာတို့ရဲ့ သမင်လည်ပြန်ငေးခြင်းပါခံကြရသည်။

Just YouWhere stories live. Discover now