ဂျွန်စံအိမ်ကတော့တိတ်ဆိတ်နေဆဲ..၄နှစ်နီးပါးအရွယ်ကလေး၁ယောက်ရှိပေမယ့်ကျယ်ဝန်းလှတဲ့စံအိမ်ကြီးကိုဆူညံအောင်မဆောင်ကျင်းပေးနိုင်ပါ။
မစ္စတာဂျွန်ကခါတိုင်းလို့ကုမ္ပဏီကိုသွားဖို့ဝတ်စုံပြည့်နဲ့လှုပ်ရှားနေလေသည်...လီမင်ဟယ်ကခင်ပွန်းဖြစ်သူရဲ့ necktieကိုကျနစွာစည်းပေးနေသည်...သူမကလှပတဲ့သူပါ..အဆိပ်လည်းပြင်းတယ်လေ..."ဦးးကိုပြောရတာလဲမောလှပြီ အိမ်မာနားနားနေနေနေပါလို့..ကုမ္ပဏီကိုမင်ဟယ်ဆက်ဦးစီးပေးပါ့မယ်ဆိုတာကိုလဲမရဘူး"
"ဦး..အလုပ်တွေမပြီးပြတ်သေးလို့ပါမင်ဟယ်..ဦးစထားတဲ့အလုပ်ကဦးကိုယ်တိုင်အဆုံးသတ်ရမာပေါ့.."
"အွန်းပါ..အ့ဆိုလဲဦးသဘော ကျန်းမာရေးဂရုစိုက် နေ့လည်ဆေးသောက်ဖို့မမေ့နဲ့ဦး"
"ဟုတ်ပါပီ..ဒါဖြင့်..ဦးသွားတော့မယ်"
"ဟုတ်...."
.
.
"ဒယ်ဒီ.."အသံလာရာကိုကြည့်လိုက်တော့ ဂျောင်ကုကအိမ်အဝင်ဝမှာ..ဘေးမှာကင်မ်ထယ်ယောင်းနဲ့အတူပေါ့..
"သား.."
"အင်းးဒယ်ဒီ့သားဂျောင်ကု.."
မစ္စတာဂျွန်တစ်ယောက်ဂျောင်ကုအနားကိုအလျင် အမြန်ပင်သွားကာဖတ်ထားမိသည်..
"မင်းအသက်ရှင်နေသေးတယ် ငါ့သားလေး.."
"ကင်မ်ထယ်ကအဆုံးထိကျနော့်ကိုလက်မလျော့ခဲ့ဘူး"
ကင်မ်ထယ်ယောင်းကိုတလှည့်ကြည့်လိုက်တော့လည်း ကြည်လင်တဲ့မျက်နှာနဲ့...
(အန်ကယ်ကကျေးဇူးတင်ပါတယ်ကွယ်)အပြုံးဖြင့်သာအဓိပ္ပါယ်ဖွင့်မိသည်..
ကင်မ်ထယ်ကမစ္စတာဂျွန်ရဲ့အပြုံးတွေကိုနားလည်သည်းအလား...
"လာ!သားတို့အထဲဝင်ထိုင်.."
မစ္စတာဂျွန်ကမပြုံးတာကြာပီးဖြစ်တဲ့အပြုံးမျိုးနဲ့သားဖြစ်သူနဲ့သမတ်ဆိုသူတို့အား လှိုက်လှဲစွာကြိုဆိုနေမိသည်..
....
မစ္စတာဂျွန်ဆိုတဲ့လူကိုဦးလို့ခေါ်ပီးဂရုစိုက်ပေးရတာသူမအတွက်တော့မပင်ပန်းပေမယ့် သူမလိုချင်တဲ့ဂျွန်ကုမ္ပဏီကိုမရနိုင်တာကတော့သူမအတွက်စိတ်ကင်ဆာပင်..သူမနဲ့သူမသားလေးနောင်ရေးအတွက်ခိုင်မာတဲ့ကျောထောက်နောက်ခံကရှိမှဖြစ်မည်ဖြစ်သည်....
ဒါကြောင့် မစ္စတာဂျွန်ကိုအပီချုပ်မှဖြစ်မှာ..သူမစိတ်ထဲမှာတွေးနေတုန်းကြားလိုက်ရတဲ့အသံတစ်ခု..လုံးဝကိုရင်နှီးနေတဲ့အသံ..ဒါကသေချာပေါက်ဂျောင်ကုပဲ..
သူပြန်လာတာလား...သေချာတာပေါ့ဂျောင်ကုကအကောင်းပကတိကြီသူမရှေ့မှာမစ္စတာဂျွန်နဲ့ရပ်ပြီးစကားပြောနေတာ...အဲ့လိုမဖြစ်ရဘူးလေ..ဒါဆိုငါရမယ့်အမွေတွေဘာတွေကကော..ဒီလိုမဖြစ်ရဘူးလေ...
YOU ARE READING
"~ Painful But Loving~"
Fanfiction"ဖေဖေကင်မ်ထယ်လေးကိုလာခေါ်လိမ့်မယ်လို့ထင်ထားခဲ့တာအခုတော့ကင်မ်ထယ့်ဘ၀သွားပီ" (ကင်မ်ထယ်ယောင်း) "ခင်ဗျားပြုစေချင်တဲ့အိမ်ထောင်ကျုပ်ပြုလိုက်ပီလေခင်ဗျားကျေနပ်လား" (ဂျွန်...