"Hyunkyo shi...အားနာပေမယ့်ကျွန်တော့်ကို Seoul ခဏလိုက်ပို့ပေးလို့ရလား ချာတိတ်ကိုဂိမ်းစက်လိုက်ဝယ်ပေးချင်လို့"
Taehyung စကားကြောင့် Jungkook မျက်လုံးပြူးသွားသလို Jiseung နဲ့ Hyunkyo လည်းနားမလည်နိုင်ဖြစ်သွားသည်။
"လူ..လူကြီး မလိုပါဘူး ကျွန်တော့်ဘာသာပဲဦးလေးနဲ့နောက်နေ့သွားဝယ်လိုက်မယ် ရ..ရပါတယ်""ဂိမ်းစက်မရှိတော့လို့ချာတိတ်ကအခုဝမ်းနည်းနေတာမလား အခုသွားဝယ်မှရမှာပေါ့ Hyunkyo shi..ဖြစ်နိုင်ရင်ကူညီပေးစေချင်တယ်"
ပြာယာခတ်နေပုံပေါက်တဲ့ Taehyung ကြောင့် Jiseung ရော Hyunkyo ထရပ်လိုက်မိသည်။
"Taehyung... မင်းကလည်းကွာ နေပါအုံး ဒီအချိန်ကြီး Seoul ကိုတက်သွားရင်ညနေစောင်းလောက်မှပြန်ရောက်တော့မှာပေါ့ သွားရေးလာရေးခက်နေပါ့မယ်ကွာ"
"ရတယ် ငါအဆင်ပြေတယ် ချာတိတ်ကိုထားခဲ့မယ် ငါတို့ပဲသွားကြတာပေါ့"
Jungkook လက်ကိုကိုင်ထားရင်းကျန်လက်တစ်ဖက်ဖြင့်ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲကောက်ထည့်နေသည့် Taehyung ကြောင့် Jungkook အကျပ်တွေ့လာသည်။
"လူကြီး...ကျွန်တော်တကယ်အဆင်ပြေတယ်လို့ ဘာလို့ရေးကြီးခွင်ကျယ်လုပ်နေတာတုန်း"
"ငိုလာတာကိုဘာကိုအဆင်ပြေတာတုန်း...မကြာဘူးရယ် ခဏပဲ"
တစ်ယောက်ကတားလိုက်တစ်ယောက်ကဇွတ်သွားမယ်ပြောလိုက်နှင့်ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် Taehyung တို့ကို Jiseung ခေါင်းကုတ်ပြီးသာကြည့်နေမိတော့သည်။
"ခင်ဗျားနော်!! လွှတ်! ဒီမယ် မြင်ရလား မြင်ရလား ဘယ်မှာမျက်ရည်ရှိလို့လဲ ခင်ဗျားသွားမယ်ဆိုကျွန်တော်တကယ်စိတ်ဆိုးပြီးငိုချတော့မှာနော်"
ကိုင်ထားသည့်လက်ကိုအတင်းရုန်းထွက်ပြီးမျက်လုံးနှစ်ဖက်ကိုတစ်လုံးချင်းစီဖြဲကာ Jungkook အော်ပြောမိတော့သည်။ ထိုအခါမှ Taehyung ကသူ့နားထင်သူပွတ်သပ်ရင်းသက်ပြင်းချမိသည်။
"အဲ့တာဆိုဝမ်းမနည်းတော့တာသေချာတယ်နော်..."
"သေချာတယ် ခင်ဗျားဗျာ...ဧည့်သည်ပါလာတာကိုအားနာစရာတွေဖြစ်ကုန်ပြီ ဘာမှမဟုတ်တာကိုရေးကြီးခွင်ကျယ်တွေလုပ်နေတယ်"
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanficYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}