"ဆရာမ ကလေးကဘယ်လိုဖြစ်လို့ပျောက်သွားတာလဲ သေချာမကြည့်ပေးဘူးလား"
"ကြည့်ပါတယ်ရှင် ကျွန်မအခြားကလေးကိုကြည့်နေတုန်းလှစ်ခနဲ ထွက်သွားတာပါ။"
"ဆရာမရယ် ဘယ်လိုတောင်လုပ်ရက်တာလဲ ကျွန်တော့်သားလေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဗျာ"
"ကျွန်မတို့တောင်းပန်ပါတယ်ရှင်"
"ဆရာမ အခြားကလေးတွေ မေးကြည့်ပြီးပြီလား"
"ဟုတ် မေးကြည့်ပါတယ်။ သူတို့ပြောတာက ဟို....ဟို "
"ပြောပြပါ ဆရာမရယ် ကျွန်တော်ရင်တွေပူလှပြီ"
"သူ့ကို ဦးဦးသကြားလုံးဆိုတဲ့ တစ်ယောက်ခေါ်သွားတာလို့တော့ပြောတယ်"
"ဦးဦးသကြားလုံး! နေသစ်..."
"သိလို့လား ထိပ်တန်းလေးပါးပါး"
နေသစ်ရယ် မင်းတော့မှားကုန်တော့မှာပဲ။
_________________
"ဦးဦး သားသားကျားကြီးဆီသွားမယ်"
"ကျားကြီးကြည့်ချင်လို့လား"
"ဟုတ်ကဲ့ သားသားကျားကျားကြည့်မယ်"
"ဟုတ်ပါပြီဗျာ"
"ဦးဦး!"
"ဟေ..."
"ဦးဦးမျက်လုံးတွေက ဘာလို့သားသားနဲ့တူတာလဲ"
"ဟမ်!"
ဟုတ်တာပဲ သူသေချာသတိမထားခဲ့မိပေမယ့်ဒီကလေးရဲ့မျက်လုံးတွေကအညိုရောင်တွေပဲ ဆံပင်အရောင်တွေကောပဲ။
"သားသားရဲ့ အသက်ဘယ်နှနှစ်လဲ"
"၁-၂-၃-၄ လေးနှစ်ဦးဦး"
ကျွီ!!!
ကားဘရိတ်ကိုအမြန်အုပ်လိုက်ပြီး ကားကိုရပ်လိုက်တယ်။ လေးနှစ်! ဒီကလေးကငါ့နဲ့မျက်လုံးတင်တူတာမှမဟုတ်ပဲ ဆံပင်အရောင်လည်းတူတယ်။ မျက်နှာကတော့ Rue ရုပ်နဲ့တပုံစံတည်း။
"သားနဲ့ သားdaddyနဲ့က တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြလား"
"ဒယ်ဒီ! သားသားမှာ ဒယ်ဒီရှိဘူး ဖေဖေပဲရှိတာ ဖေဖေကသားသားကိုသိပ်ချစ်တာ
အာဘွားတွေလည်းအများကြီးပေးတယ်"