Unicode
ကြားလိုက်ရတဲ့ Jisooစကားကြောင့် Lisaက Jisooကိုလှည့်ကြည့်လိုက်မိသည် အခုမှ1လပဲရှိသေးတာကို ဘာလို့ပြန်ခေါ်ချင်လဲမသိ။ Jenက Jisooကို 'ဒီမှာမပျော်ဘူး'လို့ ပြောလိုက်တာများဖြစ်မလား ဒါမှမဟုတ် Jisooကပဲ 'ဒီမှာတော်လောက်ပြီ အိမ်ပဲပြန်နေရအောင်' လို့ပြောလိုက်တာဖြစ်နိုင်မလား။
Lisaက Jisooကို စိုးရိမ်တကြီးလှည့်ကြည့်လာချိန် Jisooကသူပြောတဲ့အဓိပ္ပာယ်ကို သဘောပေါက်သွားသည် အမှန်တော့သူက ဒီလိုပြောချင်တာမဟုတ်ပေ။ အဲ့တော့မှ Jisooကပြာပြာသလဲ စကားထပြောပြီး စကားတွေပါထစ်ကုန်တော့၏
"ဟို..... ဟိုမှာ အပြီးနေရမယ်လို့ ဆိုလိုတာ မ...မဟုတ်ပါဘူး ဟို ဟိုလေ အလည်ပြန်ခေါ် မ...မလို့ပါ"
အဲ့လိုပြောမှ Lisaစိတ်အေးသွားမိသည် သက်ပျင်းအသေးလေးတစ်ခုကို ချလိုက်ပြီး Jisooစီကအကြည့်လွှဲကာ လွှတ်လိုက်ရင်ကောင်းမလား မလွှတ်ရင်ကောင်းမလား စဉ်းစားမိနေသေးသည်
"Jisooကို Jenဘာပြောသေးလဲ"
"သူကတော့ မင်းကိုတောင်မေးမနေပါနဲ့တဲ့ ငါက မမေးလိုက်မိရင်မကောင်းဘူးထင်လို့ပါ"
Jisooစီကစကားကို ကြားရတာက Lisaအတွက်စိတ်ချမ်းသာစရာမဟုတ်ပေ။ Jennie က မေးတောင်မေးမနေခိုင်းတာ Lisaကို ဘယ်လောက်ဂရုမစိုက်မှန်းသိသာ၏။ မလိုက်ခိုင်းရင်လဲ Lisaကိုရန်တွေ့နေပါဦးမည်
"ဘယ်လောက်အထိကြာမှာလဲ ဟိုမှာနေတာက"
"1ပတ် 2ပတ်ပဲလို့မှန်းထားပါတယ်"
Lisaဟာ လက်သန်းကြွယ်ကလက်ထပ်လက်စွပ်ကို ငေးပြီးတွေဝေနေပြန်သည် 1ပတ် 2ပတ်တောင်အထိ Jenကိုစိတ်ချလို့ရပါ့မလား Hazelရဲ့ အစ်ကိုရှိနေတဲ့နယ်မြေမလို့ ပိုစိုးရိမ်ရသည်
Lisaတွေဝေနေတာကို Jisoo လဲသတိထားမိပေမဲ့ ဘာမှမတော့မပြောမိ။ Lisaပြန်ဖြေလာမှာကိုပဲစောင့်နေရာက 2မိနစ်ကျော်သွားလေပြီ။ Jisooကလက်ကနာရီကို တစ်ချက်ကြည့်လိုက်ကာ သက်ပျင်းချပြီး သူပဲအရင်စကားစဖို့လုပ်တော့သည်
"အဲ့ထပ်အချိန်တိုရင်လဲ ရပါတယ် 5ရက်ဆိုလဲ လုံလောက်ပါပြီ ပြီးတော့ အစက Lisaတို့ကိုခေါ်ဖို့ အစီအစဉ်ရှိပေမဲ့ Jenကမင်းတို့အလုပ်များနေတယ်ဆိုလို့ပါ"
YOU ARE READING
Loco
Fanfictionကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo]