ဒွိလိင် (intersex)အကြောင်း

18.5K 391 3
                                    

ဒွိလိင် ( intersex ) အကြောင်းလေးကို ‌ကျွန်တော်သိသလောက်လေးပြောပြပေးချင်လို့ပါ။ (ဖတ်ဖူးတဲ့ ကြားဖူးတဲ့ သိဖူးတဲ့ အကြောင်းတွေက လဲအမျိုးမျိုးရှိသလို အယူအဆတွေလည်းအမျိုးမျိုးရှိကြတော့ ကိုယ်နားလည်သလောက်ပြောပြတာမို့ မှားတာရှိရင် ထောက်ပြပေးပါ)

အခုတော်တော်များများက ဒွိလိင် ( intersex )ကို အနည်းနဲ့အများရင်းနှီးကြမှာပါ။

Gentler လို့ ပြောလိုက်တာနဲ့ များသောအားဖြင့် ကျား (male) နဲ့ မ(female) ကိုပဲအများဆုံးပြေးသိမှာပါ။ ဒွိလိင် ( intersex )က သဘာဝအတိုင်း ဖြစ်လာတဲ့ တတိယ‌ လိင်(Gentler)ပါ။ ခရိုမိုဇုန်းနဲ့ ပြောရရင် ကျားက (XY)၊ မက (XX) ဖြစ်ပြီး ဒွိလိင်တွေကတော့(XXXY)ပါ။ ကျားခရိုမိုဇုန်းကော မခရိုမိုဇုန်းကောပါနေတာပါ။

ဒွိလိင်တွေက တယောက်နဲ့တယောက်ကွဲပြားတာတွေရှိပါတယ်။ ပြင်ပလိင်အင်္ဂါ အတွင်း လိင်အင်္ဂါ တွေပေါ်မူတည်ပြီး ကွဲတာမျိုးရှိပါတယ်။ ပြင်ပလိင်အင်္ဂါအမျိုးအစားကတော့ လူတိုင်းသိပါတယ် အတွင်း လိင်အင်္ဂါတွေကတော့ 'မ' မှာဆို သားဥအိမ်အဖွဲ့အစည်း ၊ 'ကျား' မှာဆို ဝှေးစေ့တစ်ရှုး အဲ့လိုတွေပေါ့နော်။ တချို့ ဒွိလိင်တွေကကျ ပြင်ပကောအတွင် အင်္ဂါတွေပါ ပါတာမျိုးရှိပါတယ်။

ပြင်ပလိင်အင်္ဂါမှာ နှစ်မျိုးလုံးရှိတဲ့သူတွေမှာ ပုံစံအမျိုးမျိုးရှိတယ်။ တချို့က မိန်းမအင်္ဂါထဲမှာ လိင်တံကမထင်မရှားပါတာမျိုး၊ ကျားလိင်တံမှာ အထင်မရှားအကွဲကြောင်းရှိတာမျိုးပေါ့။  တချို့ဆို သူတို့ရဲ့ လူပျိုဖော်၊အပျိုဖော် ဝင်ချိန်ထိ သူတို့ရဲ့ဖြစ်တည်မှုအမှန်ကို သတိမပြုမိတာမျိုးရှိပါတယ်။ အဲ့ဒါကြောင့်လေ တကယ်လို့ ဒွိလိင်တယောက်မွေးဖွားလာရင် သူတို့ဘယ်လိုပုံစံပျိုး‌ ပြုစုပျိုးထောင်မယ်ဆိုတာမျိုး(ကျားမရွေးတာ)ကို သေချာဆုံးဖြတ်ဖို့လိုပါတယ်။ ငယ်ငယ်က မိန်းကလေးလိုဖြစ်နေပေမယ့် ကြီးလာတဲ့အခါ ကျာခရိုမိုဇုန်းက အားကောင်းပြီး ကြွက်သွားတွေထွက် ထောင်ထောင်မောင်းမောင်းဖြစ်လာရင် လူခြားထဲထူးဆန်းသွားတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Tahanan ng mga kuwento. Tumuklas ngayon