3

625 52 4
                                    

နာမည်ကြီး model တစ်ယောက်ဖြစ်သည့် အလျောက် ဂျေးဟာလဲ အပတ်တိုင်းလိုလို dating news ထွက်နေသည့်အလား ၊ အခုတွင်လဲ တက်သစ်စ kpop idol တစ်ယောက်နဲ့ ဟိုတယ်က ထွက်လာတယ်ဆိုတဲ့ သတင်းဟာ hot search ဝင်လျက်။

အစည်းဝေးအခန်းထဲ မတော်တဆ တွေ့လိုက်တဲ့အချိန် ဆောင်းဟွန်း လန့်ဖြန့်သွားခဲ့ပင်မဲ့ ဂျေးကို ပြောသည့်အချိန်မှာ ဂျေးရဲ့ အဖြေက 'အော်ဟုတ်လား' တစ်ခွန်းထဲသာ ဖြစ်၏။

အလုပ်ဝင်တာဖြင့် တစ်ပတ်တောင် မပြည့်သေး။ ဆောင်းဟွန်း ဂျေး ရဲ့အရှုပ်တွေ ပတ်ရှင်းနေရပါသည်။

ဂျေးကတော့ ခပ်ပြုံးပြုံးပဲ။ ဆောင်းဟွန်းကသာ ကြားထဲ လိုက်ခေါင်းခဲနေတာ ကိုယ်တော်ချောကတော့ ဂိမ်းဆော့ ကောင်းတုန်း။

" ဂျေး.. မဟုတ်ရင်လဲ မဟုတ်ကြောင်း ငြင်းလေ "

" ကိုယ့် ဆောင်းဟွန်းက ကိုယ့်ကို သဝန်တိုနေတာလား "

မဟုတ်ရင်လဲ ငြင်းလို့ ပြောတိုင်း ဂျေးပြောနေကြ စကားတစ်ခွန်း။ ဆောင်းဟွန်း အမြင်ကပ်စွာဖြင့် ကြွက်သားများ ပြည့်နေတဲ့ လက်မောင်းကို အားပါပါတစ်ချက် ရိုက်ချလိုက်၏။

" စဉ်းစားကြည့်လေ ဆောင်းဟွန်းရယ် အဲ့တာကြီးက လုပ်ဇာတ်ကြီးမှန်း သိသာတယ်။ ကိုယ် ဒီ hotel မှာ တည်းတယ်ဆိုတာ ဘယ် fan မေးမေးသိတယ် ဘာလို့လဲဆိုတော့ ကိုယ့်ဒယ်ဒီ ပိုင်တဲ့ ဟိုတယ်ဟာကို ကိုယ်မပြောပြလဲ ကလေးတွေက သိပြီးသား "

ဟုတ်ပါသည်...။

ဂျေးက တစ်ခုခုလုပ်တော့မယ်ဆိုရင် သူ့ ပရိသတ်တွေကို အရင်ဦးတိုက်ပြီးသား။ အဲ့လို ဦးတိုက်လို့ privacy ကို ထိခိုက်လားဆိုတော့လဲ သူတို့ idol စိတ် သူတို့သိလို့ ဘယ်သူကမှ privacy ကိုမဖောက်ကြပေ။

ဂျေးက ကြင်နာတတ်သလို ဒေါသလဲ ကြီးပါသည်။ ဂျေးရဲ့ ခြေထောက်ကို ဖက် ၊ ဂျေးကို ခုတုံးလုပ်ပြီး အမြင့်တက်ချင်ကြတဲ့ လူတွေဟာ တပုံတခေါင်းကြီး။

" Interview ရှိတယ် ဂျေး ၊ သေချာပေါက်တော့ ခများကို မေးမှာပဲ သေချာ‌ဖြေခဲ့ လာသွားမယ် "

နောက်တစ်နာရီနေရင် စတော့မဲ့ အစီစဉ်ဆီသို့ ဆောင်းဟွန်းတို့ အလျှင်အမြန်ပြေးရသည်။ ကြားထဲ ဆရာသမားက ကော်ဖီကို မချိုမခါး သောက်ချင်တယ်ဆိုလို့ ပြေးဝယ်ရသေး။ အချိန်မှီရောက်လို့သာ မရောက်ရင် ဂျေးပတ်ခ်တို့ ban ခံရပြီ။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now