Chapter 54
(ချိုချိုချဉ်ချဉ် နာနတ်သီးဝက်သားဟင်း)ပါဝင်ပစ္စည်းများကို စိတ်စွမ်းအင် နှင့် မည်သို့ပြုပြင်ရမည်ဆိုသည်ကို သင်ကြားနေသည့် ဆရာမ ဝမ့် သည်လည်း အာရုံပြောင်းသွားပြီး လင်းယောင်ယောင် ၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ကြည့်နေသည်။ ကလေးမလေးက ဟင်းချက်မည်ဟု ရှင်းရှင်းလင်းလင်းပြောခဲ့သော်လည်း ယခုမူ နာနတ်သီးကို ခုတ်ထစ်နေခြင်းဖြစ်သည်။သူမသည် ဟင်းချိုချက်ရန် ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီးတစ်လုံးကို ရေထည့်တည်လိုက်သော်လည်း သူမ အစကပြောခဲ့သလို သင့်လျော်ပုံရှိသည့် မည်သည့် ပါဝင်ပစ္စည်းများကိုမျှ မပြင်ဆင်ထားခဲ့ပေ။ ဆရာမ ဝမ့် လှမ်းမေးလိုက်၏။
"ဟင် ဘယ်လိုလဲ.... အိုးက ပွက်ပွက်ဆူနေတဲ့ ရေတွေပြည့်နေပြီး ဘာပစ္စည်းမှ မရှိဘူးရော်..."
ယခုအချိန်တွင် ဝက်သားအသားလွှာကို ငရုတ်ကောင်း၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ဆားတို့ဖြင့် နှပ်ထားသည်။ ချက်ပြုတ်ရန်ဆယ်မိနစ်သာကြာလိမ့်မည်။ ထို့နောက် လင်းယောင်ယောင် သည် ဘေးနားရှိ စက်ရုပ်အကူလက်ထောက်ထက်ပင် သပွတ်သီးကို ဖြတ်တောက်လိုက်သည်။
"နောက်ထပ် များများလုပ်ပေးပါဆိုလို့ အများတည်း တည်ထားတာလေ....ပြီးမှ ပစ္စည်းတွေ ထပ်ထည့်ရမှာ"
ဆရာမ ဝမ့် သည် လင်းယောင်ယောင် အပေါ် ကို စောစောက ပဲပင်ပေါက်ဟင်းတစ်ပန်းကန်ကြောင့် သဘောထားပြောင်းခဲ့သော်လည်း ယခုမူ သူမသည် အလွန်သံသယဖြစ်နေပြီဖြစ်သည်။ ဤခေတ်တွင်၊ "ဟင်းရည်များ" သည် အများအားဖြင့် ကြက်၊ ဘဲ၊ ငါး၊ သို့မဟုတ် သိုးသား တစ်မျိုးမျိုးထည့်ပြီးမှသာ ချက်ပြုတ်တတ်ကြသည်။ အတိုချုပ်ပြောရလျှင် လင်းယောင်ယောင် ၏ ပေါ့ပေါ့ပါးပါးပြင်ဆင်ထားသော ဟင်းချိုများနှင့်ကွာခြားလှပေသည်။ ပဲပင်ပေါက်များဖြင့် ကြိုးစားပန်းစား ချက်ပြုတ်နေကြသော ကျန်ကျောင်းသားများပင်လျှင် သူမကို ရံဖန်ရံခါ စိုက်ကြည့်နေကြပြီဖြစ်သည်။
တစ်ကယ်တမ်းတွင် သူတို့အားလုံးက လင်းယောင်ယောင် မချက်ပြုတ်နိုင်မှာကို စောင့်နေကြတာဖြစ်သည်။အားလုံးက ယခု လမ်းလျှောက်တတ်ခါစမှာ သူမကတော့ ပျံသန်းတတ်နေပြီဖြစ်၏။ လူတိုင်းက သူမကို ပျက်စီးချင်နေကြတာဖြစ်သည်။
STAI LEGGENDO
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Storie d'amore💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...