Zawgyi
မနက် ၇ နာရီခွဲ ⏲️
အသက် ၃၀ ကျော်ပတ်ဝန်းကျင်ရှိတဲ့ မိန်းမပျို တစ်ယောက်သည် နူးညံ့သော အိပ်ရာတွင် အိပ်နေရာမှ တံခါးခေါက်သံကြောင့် နိုးထလာခဲ့သည်......
ဒေါက် ဒေါက် ~~~~~~~
အင်း..... ဘယ်သူလဲ...?
အော်... သမီး ကြီးဆု ပါ သမီးမော်....!
အင်း.... ဟုတ်ကဲ့ ကြီးဆု မော် ဆင်းလာပါ့မယ်နော်...
အေးအေး ကြီးဆု သမီးမော် ကြိုက်တတ်တဲ့ ရွှေတောင်ခေါက်ဆွဲလေး ချက်ထားတယ်ကွယ့်
ဟုတ်ကဲ့ပါ... ကြီးဆု
ကြီးကြီးဆု တစ်ယောက် ပြောပြီး အောက်ကို ပြန်ဆင်းသွားလေသည်..... သူမလဲ မနေသာတော့ဘဲ အိပ်ရာမှ ထရလေတော့သည်....
သူမ နာမည်က နွယ်သွေးမော် ပါ.... Company တစ်ခုရဲ့ C.E.O တစ်ယောက်ပါ.... နိုင်ငံပေါင်းများစွာကို လှည့်ပတ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး သူမရဲ့ စီးပွားရေး လုပ်ငန်းတွေကို ချဲ့ထွင်ခဲ့ပါတယ်.... ယခုဆိုရင် နွယ်သွေးမော်မှာ Company စုစုပေါင်း ၁၀ ခုကျော်လောက်ရှိပါပြီ......
နွယ်သွေးမော်ဟာ အရပ် ၆ ပေရှိပြီး အသားက မဖြူမညိုလေး ခါးလောက်ရှည်တဲ့ ဆံပင်ကို အမြဲ ဆံထုံးထုံးထားတတ်သူမို့ နွယ်သွေးမော်ဟာ ဗမာဆန်ပြီး ကျက်သရေရှိလှတယ်..... ဝတ်ရင်လဲ ဗမာဝတ်စုံကိုသာ ဆင်မြန်းလေ့ရှိပြီး မြန်မာ့အစားအစာကိုသာ စားလေ့ရှိတယ်.... နေ့စဉ်မပျက် ဘုရားကို သွားပြီး ဘုရားရှိခိုးလေ့ရှိတယ်.......
နွယ်သွေးမော်ရဲ့ မိဘတွေက ဦးမင်းနွယ် နဲ့ ဒေါ်ဆွေထားမော် တို့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်..... မိဘနှစ်ပါးက နွယ်သွေးမော် ၁၀ နှစ်ထဲက Car accident ဖြစ်ပြီး ဆုံးပါးသွားကြကာ ယခုဆိုရင် နှစ် ၂၀ ကျော်လောက်ရှိပါပြီ.... ကြီးကြီးဆုကတော့ နွယ်သွေးမော် ရဲ့ အချစ်ရဆုံးသူပါ သူမရဲ့ အဖေဆိုလဲ ဟုတ်တယ် အမေဆိုလဲ ဟုတ်ပါတယ်.....
နွယ်သွေးမော် တစ်ယောက် မျက်နှာသစ် ရေမိုးချိုးပြီး အပြင်ပြန်ထွက်လာတယ်..... နွယ်ရဲ့ ခါးလောက်ရှည်တဲ့ ဆံပင်တွေကို ဖြည်ချလိုက်ပြီး ခေါင်းကို သဘက်နဲ့ ဖွဖွလေး သုတ်နေတုန်းမှာ......

YOU ARE READING
🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)
Adventureဒီ story လေးက Lucia ရဲ့ ပထမဆုံး ရေးတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပြီးပဲ ဖတ်စေချင်ပါတယ်ရှင့် 💖💖